ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ် (၁၀၆)ရပ်ကွက်ရှိ ကေတုမတီဈေးတွင် အမှိုက်သရိုက်များဖြင့် လွန်စွာ ညစ်ညမ်းမှု ဖြစ်ပေါ်နေပါသဖြင့် ဈေးသူဈေးသားများ၊ ဝယ်ယူစားသုံးသူများအတွက် ကျန်းမာရေးအရ မလိုလားအပ်သော ပြဿနာများ ပေါ်ပေါက်လာနိုင်သဖြင့် သက်ဆိုင်ရာ စည်ပင်သာယာဌာနမှ ရှင်းလင်းဆောင်ရွက်ပေးစေလိုပါသည်။
ဈေးမှာ ဈေးနှင့် မတူတော့ဘဲ အမှိုက်ပုံသဖွယ် ဖြစ်ပေါ်နေသည်ကို ရှင်းလင်းဆောင်ရွက်ပေးနိုင်ဖို့ တာဝန်ရှိသူများထံ တင်ပြထားပြီး ဖြစ်သော်လည်း ရှင်းလင်းဆောင်ရွက်ပေးခြင်း မရှိပါသဖြင့် တာဝန်ရှိသူများအနေဖြင့် အများပြည်သူအကျိုးကို ရှေးရှု၍ ရှင်းလင်းဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါသည်။
တာဝန်သိ ပြည်သူတစ်ဦး
Join - https://t.me/MyanmarNationalPost
(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)
No comments:
Post a Comment