ကြံခင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေ ကြီးမြင့်မှုကြောင့် ယာယီပိတ်ထားသော အခြေခံပညာကျောင်း (၆)ကျောင်း ပြန်လည်ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြံခင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေ ကြီးမြင့်မှုကြောင့် ယာယီပိတ်ထားသော အခြေခံပညာကျောင်း (၆)ကျောင်း ပြန်လည်ဖွင့်လှစ်







ကြံခင်း၊ ဇူလိုင် ၂၉ 

ဧရာဝတီတိုင်းဒေသကြီး ၊ မြန်အောင်ခရိုင် ၊ ကြံခင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေ အမှတ်အထက် ကျော်လွန်ရောက်ရှိလာမှုကြောင့် အခြေခံပညာကျောင်းဝန်းအတွင်း မြစ်ရေဝင်ရောက် လာသဖြင့် ယာယီပိတ်ထားအခြေခံပညာကျောင်း (၆)ကျောင်းအား ယနေ့ နက်ပိုင်းမှစတင်၍ ပြန်လည် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။ 

ကြံခင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေသည် စိုးရေရေအမှတ်အထက် ၇၄.၂၅ ပေအထိ မြင့်တက် ခဲ့သောကြောင့် (၁၆.၇.၂၀၂၄) ရက်နေ့မှစ၍ အခြေခံပညာကျောင်းများယာယီပတ်ထားခဲ့ရာ ယခုအခါ ဧရာဝတီမြစ်ရေပြန်လည်ကျဆင်းခဲ့သောကြောင့်  အထက(ခွဲ)ကရင်စု၊ အလက(ရေလယ်ကျွန်း)၊ အမက (သောကြာဒူး)၊ အမက(အလယ်ကျွန်း)၊ အမက(ကျွန်းကြီး)နှင့်အမက(ကျောက်စရစ်ကုန်း) ကျောင်းများ အား ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းကော်မတီဝင်များနှင့် ကျောင်း သား၊ကျောင်းသူများက ဧရာဝတီမြစ်ရေကြီးမှုကြောင့် တင်ကျန်ရစ်သည့် ရွံ့နွန်များ၊ အမှိုက်သရိုက်များ အား ရေစုပ်စက်ဖြင့် ဆေးကြောရှင်းလင်းခြင်းများကို ဇူလိုင်လ ၂၇ ရက်နေ့တွင် ပူးပေါင်းဆောင်ရွက်ကြပြီး ဇူလိုင်လ ၂၉ ရက်နေ့တွင် ကျောင်းများပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။ 


ဖြိုးဝေလင်း

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)