ကျောက်ကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေစီးဝင်မှုကြောင့် ဒေသခံအိမ်ထောင်စု (၆၉၆) စု၊ လူဦးရေ (၂၈၅၃) ဦး ယာယီပြောင်းရွှေ့နေထိုင် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေစီးဝင်မှုကြောင့် ဒေသခံအိမ်ထောင်စု (၆၉၆) စု၊ လူဦးရေ (၂၈၅၃) ဦး ယာယီပြောင်းရွှေ့နေထိုင်

 




ကျောက်ကြီး ၊  ဇူလိုင် ၂၉


ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေ ကျောက်ကြီးချောင်းအတွင်း စီးဝင်မှုကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအချို့ ရေဝင်ရောက်မှုများရှိသဖြင့် ဒေသခံအိမ်ထောင်စု (၆၉၆) စု၊ လူဦးရေ (၂၈၅၃) ဦး ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။


ကျောက်ကြီးမြို့နယ်၌ ဇူလိုင် ၂၅ ရက်နှင့် ၂၆ ရက်နေ့များတွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးရေချိန် (၂.၆၈) လက်မရှိခဲ့ရာ တောင်ကျရေများမှာလည်း ကျောက်ကြီးချောင်းအတွင်း စီးဝင်လာပြီး ချောင်းရေပြည့်လျှံကာ ဒေသခံပြည်သူများနေထိုင်ရာ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုအချို့ ချောင်းရေဝင်ရောက်လာမှုကြောင့် ရေဘေးလွတ်ရာ နီးစပ်ရာဆွေမျိုးအိမ်နှင့် ဘုန်းတော်ကြီးကျောင်းများသို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။


အဆိုပါ ယာယီပြောင်းရွှေ့မှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဦးဆောင်စီမံပြီး နယ်မြေခံတပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက လိုအပ်သည့်ကူညီမှုများနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် (၉၃၀) စင်တီမီတာရှိပြီး ယနေ့တွင် (၈၃၀) စင်တီမီတာရှိပါကြောင်း၊ ကျောက်ကြီးချောင်းရေသည် တောင်ကျရေဝင်ရောက်မှုကြောင့် (၃.၅) ပေခန့် မြင့်တက်လာခြင်းဖြစ်၍ စိုးရိမ်စရာမရှိသေးကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)