မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများကို အခြေခံအိမ်ထောင်စုများအား သတ်မှတ်စျေးနှုန်းဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများကို အခြေခံအိမ်ထောင်စုများအား သတ်မှတ်စျေးနှုန်းဖြင့် ရောင်းချပေး



မြန်အောင်၊ ဇူလိုင် ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများကို အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့်မြို့မတဲကြီးကုန်း ကျေးရွာအတွင်းရှိ အခြေခံအိမ်ထောင်စုများအား ယနေ့နံနက်က သတ်မှတ်စျေးနှုန်းဖြင့် စားအုန်းဆီ ပိဿာ ၄၅၀ ရောင်းချပေးခဲ့ကြောင်းသိရသည်။

မြို့နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ အခြေခံအိမ်ထောင်စုဝင်များကို  စားအုန်းဆီ တစ်ပိသာ (၅၉၅၅) ကျပ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် ၂၅ ကျပ်သားရောင်းချပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးမြင့်နိုင်၊ မြန်အောင်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းဇော်ဦး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖတို့က ကြည့်ရှုအားပေးကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။

ဒေသခံပြည်သူများ အခြေခံစားသောက်ကုန် စားအုန်းဆီသတ်မှတ်ရည်ညွှန်းစျေးဖြင့် ဝယ်ယူနိုင်ရန်  မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြန်အောင်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ ကုန်စုံဆိုင်များကို သတ်မှတ်ရည်ညွှန်းစျေးဖြင့် အလှည့်ကျ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။


ဝင်းဗိုလ် 

Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)