ဖျာပုံမြို့နယ်တွင် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖျာပုံမြို့နယ်တွင် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ

 



ဖျာပုံ  ၊  ဇူလိုင်  ၂


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ ဦးဆောင်မှုဖြင့် နိုင်ငံတော်၏အားထားရသော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်နှင့် မျိုးဆက်သစ် လူငယ်ဘောလုံးသမားများဖြစ်လာစေရန်ရည်ရွယ်၍ မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က ဖျာပုံမြို့နယ် ပြည်သူ့အားကစားကွင်းကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းက အဖွင့်အမှာစကားပြောကြားရာတွင် မြို့နယ်အတွင်း အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရန်၊ ဒေသအတွင်း အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်၊ မျိုးဆက်သစ်အားကစားသမားများ စဥ်ဆက်မပြတ် ပေါ်ထွက်လာစေရန်၊ ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် စည်းကမ်းပြည့်ဝသော အားကစားသမားကောင်းတွေဖြစ်အောင် ကျင့်ကြံနေထိုင်ကြရန်လိုကြောင်း၊ အားကစားသမားများအနေဖြင့် စိတ်ဓာတ်နှင့်ပတ်သက်၍ အထူးအရေးကြီးကြောင်း၊ တရားသောနည်းဖြင့် အနိုင်ယူလိုသည့်စိတ်ဓာတ်ရှိရန်လိုကြောင်း၊ အားကစားသမားများအနေဖြင့် မိမိကိုယ်ကို လေ့ကျင့်ပျိုးထောင်ကြရန်နှင့် ထူးချွန်ထက်မြက်သည့် နိုင်ငံတော်မှ အားထားရသည့် ကိုယ်စားပြုဘောလုံးအားကစားသမားကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍​ မြို့နယ်ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် (၄)ချက် ရွတ်ဆိုကြပြီး အားကစားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။ ထို့နောက် ဖျာပုံခရိုင်အားကစားမှူး ဒေါ်စန္ဒာဦးက မြို့နယ်ပညာရေးမှူး ဦးထွန်းလွင်ထံ အားကစားပစ္စည်းများပေးအပ်ပြီး ပြိုင်ပွဲကိုကျင်းပရာ ပွဲစဥ်(၁)အဖြစ် အ.ထ.က(ချောင်းဝ)အသင်းနှင့် အ.ထ.က(အမာ)အသင်း အားကစားသမားများအား ဖျာပုံခရိုင်ပညာရေးမှူး ဒေါ်အေးမြင့်နှင့် မြို့နယ်ပညာရေးမှူးတို့က ဆုံးမစကားပြောကြားပြီး ပြိုင်ပွဲကို ကျင်းပရာ ဒိုင်လူကြီးများအဖြစ် ပဲ့တင်သံလူမှုကူညီရေးအသင်းမှ မြို့နယ်လက်ရွေးစဥ်အားကစားသမားများမှ ဆောင်ရွက်ပေးပြီး အ.ထ.က(ချောင်းဝ)အသင်းအား အ.ထ.က(အမာ)အသင်းက (၂) ဂိုး၊ (၁)ဂိုးဖြင့် အနိုင်ရရှိသွားပြီး ပွဲစဥ် (၂)အဖြစ် အ.ထ.က(ကြက်ဖမွှေးဇောင်း)အသင်းနှင့် အ.ထ.က(နောက်မီး)အသင်းတို့ ဆက်လက်ယှဥ်ပြိုင်ကြသည်။

အဆိုပါ မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး အဆိုပါ ဘောလုံးပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ အ.ထ.က ကျောင်းများမှ ပြိုင်ပွဲဝင်အသင်း (၁၄)သင်း ဝင်ရောက်ယှဥ်ပြိုင်ကြပြီး (၂-၇-၂၀၂၄)မှ (၁၇- ၇- ၂၀၂၄)ထိ အုပ်စုပတ်လည်စနစ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။


အောင်ဝင်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)