ရပ်စောက်မြို့နယ်တွင် ခေတ်မီစံပြကျေးရွာ Smart Village ထူထောင်ရေးလုပ်ငန်းစီမံကိန်းနှင့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)များ မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရပ်စောက်မြို့နယ်တွင် ခေတ်မီစံပြကျေးရွာ Smart Village ထူထောင်ရေးလုပ်ငန်းစီမံကိန်းနှင့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)များ မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားပြုလုပ်


ရပ်စောက် ၊  ဇူလိုင်  ၃


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ခေတ်မီစံပြကျေးရွာ(Smart Village)ထူထောင်ရေးလုပ်ငန်းစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ကောင်းဘို့ကျေးရွာအုပ်စု၊ စမ်းရေဦးကျေးရွာဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရှေးရယ်က ခေတ်မီစံပြကျေးရွာ(Smart Village)ထူထောင်ရေး လုပ်ငန်းစီမံကိန်းမိတ်ဆက်ရှင်းလင်းရာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးစေခြင်းနှင့် ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်၊ သွင်းအားစု၊ ငွေကြေးဝန်ဆောင်မှုနှင့် နည်းပညာများ ပံ့ပိုးပေးခြင်းဖြင့် ကျေးလက်စီးပွားရေးမြင့်မားလာစေရန်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော နေချင့်စဖွယ်စံပြကျေးရွာများဖြစ်ပေါ်လာစေရန်၊ ကျေးရွာသူကျေးရွာသားများနှင့် ကျေးရွာအသင်းအဖွဲ့များ စွမ်းဆောင်ရည်မြင့်မားလာစေခြင်းဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို ဖော်ဆောင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် စီမံကိန်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားပါသည်။

ဆက်လက်၍ မြို့နယ်လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများက စမ်းရေဦးကျေးရွာတွင် ခေတ်မီစံပြကျေးရွာ(Smart Village)ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ကျေးရွာသူ ကျေးရွာသား(၁၁)ဦးပါဝင်သည့် ကျေးရွာကော်မတီကို ဖွဲ့စည်းပေးခဲ့ပြီးနောက် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)အား မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းတို့ကိုပါ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)