အရိယာမဏ္ဍိုင်တောရကျောင်းတိုက် အရှင်သူရိယ၏ တပည့်များက စွဲဆိုထားသည့်အမှုနှင့် ပတ်သက်၍ လှည်းကူးမြို့မ ရဲစခန်းက ဆရာဦးအောင်မြိုင်အား ခေါ်ယူစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အရိယာမဏ္ဍိုင်တောရကျောင်းတိုက် အရှင်သူရိယ၏ တပည့်များက စွဲဆိုထားသည့်အမှုနှင့် ပတ်သက်၍ လှည်းကူးမြို့မ ရဲစခန်းက ဆရာဦးအောင်မြိုင်အား ခေါ်ယူစစ်ဆေး






ရန်ကုန်၊ ဇူလိုင် ၃

အရိယာမဏ္ဍိုင်တောရကျောင်းတိုက် အရှင်သူရိယ၏ တပည့်များက စွဲဆိုထားသည့်အမှုနှင့် ပတ်သက်၍ လှည်းကူးမြို့မ ရဲစခန်းက ဆရာဦးအောင်မြိုင် - မစိုးရိမ်စာသင်သား အား ယနေ့  ခေါ်ယူစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆရာဦးအောင်မြိုင်ထံ ဆက်သွယ်မေးမြန်းရာ " ရဲတပ်ဖွဲ့ဘက်ကလည်း စွဲဆိုထားတဲ့အပေါ်မှာ ဥပဒေအရ လုပ်သင်လုပ်ထိုက်တာကို လုပ်တယ်ပေါ့။ ပြဿနာမဖြစ်ချင်ပါဘူး။ သူတို့မေးမြန်းမှုအပေါ်မှာလည်း ရှင်းပြခဲ့ပါတယ်။ နေ့လယ် (၁ ၀၀)နာရီလောက်ကတည်းကပေါ့။ အခု ရဲစခန်းမှာပဲ ရှိသေးတယ်။ (ညနေ ၆ ၅၀ အချိန်)။ အရိယာမဏ္ဍိုင် ဆရာတော်ဆိုတာက ၅ရက်နဲ့ တစ်ထိုင်တည်းနဲ့ သောတာပန်လို့ ဟောတဲ့ပုဂ္ဂိုလ်။ အရိယာမဏ္ဍိုင်တောရရိပ်သာကျောင်းတဲ့၊ အမြန်လမ်း ၁၆မိုင် ၅ဖာလုံအနီးမှာ ရှိတယ်။ သူ့တပည့်ဒကာတွေက တိုင်ကြားတဲ့ကိစ္စ က ဝိဝါဒစေဒနာတိုင်ကြားလွှာ က ဇူလိုင်လ ၁ရက်နေ့က နိုင်ငံတော်သံဃမဟာနာယက ၄၇ပါး စုံညီအစည်းအဝေးမှာ အစည်းအဝေးတင်ပြီးတော့ ဆုံးဖြတ်ထားတယ်။ အဲဒီ ဆုံးဖြတ်ချက်အတွက် သူတို့က ကျုပ်တို့ကို တန်ပြန်ပြီးတော့ အမှုဖွင့်လိုက်တဲ့ သဘောပါပဲ။ ဓမ္မဝိနယနဲ့ သွားနေတဲ့ကိစ္စကို ကျွန်တော်တို့ Facebook တင်တယ်ဆိုပြီးတော့ ဆက်သွယ်ရေးဥပဒေနဲ့ ရအောင်စွဲတာပေါ့။ ဆရာတော်ကြီးများရဲ့ ဆုံးဖြတ်ချက်က စာအဖြစ်မထွက်သေးဘူး။" ဟု ရှင်းလင်းပြောဆိုသည်။

ယနေ့ ဆရာဦးအောင်မြိုင် - မစိုးရိမ်စာသင်သား အား လှည်းကူးမြို့မရဲစခန်းမှ ခေါ်ယူသွားခြင်းကြောင့် ဆရာတော်ဦးပါမောက္ခနှင့် တပည့်များက လိုက်ပါသွားခဲ့ကြပြီး စစ်ဆေးမေးမြန်း ဆောင်ရွက်ခြင်းသာ ဖြစ်ကြောင်း သိရသည်။

ဆရာဦးအောင်မြိုင် - မစိုးရိမ်စာသင်သား သည် မိုးပြာဝါဒနှင့် ပတ်သက်၍ စောဒနာတင်ခြင်း အပါအဝင် ဓမ္မ နှင့် အဓမ္မဆိုင်ရာ အငြင်းပွားမှု ပြဿနာများကို ဖော်ထုတ်ရေးသား တင်ပြသူတစ်ဦး ဖြစ်သည်။


https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)