ပေါင်၊ ဇူလိုင် ၂၅
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ဇူလိုင်လ( ၂၅ ) ရက်နေ့ နံနက် (၁၀)နာရီက ဇင်းကျိုက်မြို့ ဖလပ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင် က သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ခရိုင် အသေးစားစက်မှုလက်မှု ဦးစီးဌာနမှ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်း အခြေခံလူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်ခြင်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများပေါ်ပေါက်လာမည်ဖြစ်ပါကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ ခရိုင်အသေးစား စက်မှုလက်မှု ဦးစီးဌာန ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့အုပ်ချုပ်ရေးမှူး ဦးငွေတိုးအောင်က သင်ထောက်ကူပစ္စည်းများကို သင်တန်းသူတစ်ဦးထံပေးအပ်ခဲ့ပြီး သင်တန်းဆရာ (၂)ဦးက သင်တန်းသား ( ၁၁ )ဦးကို ( ၁၀)ရက် ကြာ ဖွင့်လှစ်သွားမည်ဖြစ်သည်။
အဆိုပါသင်တန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ ခရိုင်အသေးစား စက်မှုလက်မှု ဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများ၊သင်တန်းဆရာများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖများ၊စိတ်ပါဝင်းစားသူများတက်ရောက်ခဲ့ကြောင်းသိရသည်။
မွန်မလေး
#MyanmarNationalPost





No comments:
Post a Comment