ကန်ကြီးထောင့်မြို့နယ်တွင် ငဝန်မြစ်ရေမြင့်တက်မှုကြောင့် ဘုန်း‌တော်ကြီးကျောင်းသို့ ယာယီပြောင်းရွှေ့နေထိုင်နေရသည့် ဒေသခံပြည်သူများအား တာဝန်ရှိသူများက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ထောက်ပံ့ပစ္စည်းများ သွားရောက်ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန်ကြီးထောင့်မြို့နယ်တွင် ငဝန်မြစ်ရေမြင့်တက်မှုကြောင့် ဘုန်း‌တော်ကြီးကျောင်းသို့ ယာယီပြောင်းရွှေ့နေထိုင်နေရသည့် ဒေသခံပြည်သူများအား တာဝန်ရှိသူများက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ထောက်ပံ့ပစ္စည်းများ သွားရောက်ပေးအပ်


ကန်ကြီးထောင့်၊ ဇူလိုင် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကျွန်းလျားရှည်အုပ်စု၊ အိုးဘိုကျေးရွာ တွင် ငဝန်မြစ်ရေမြင့်တက်မှုကြောင့် ဘုန်း‌တော်ကြီးကျောင်းသို့ ယာယီပြောင်းရွှေ့နေထိုင်‌နေရသည့် ဒေသခံပြည်သူများအား ယနေ့ နေ့လယ် (၁)နာရီအချိန်က မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ထောက်ပံ့ပစ္စည်းများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပစ္စည်းများ သွားရောက်ပေးအပ်ရာတွင် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ ဥက္ကဠ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင် ဦးဆောင်သောဌာနဆိုင်ရာအဖွဲ့များသည် ငဝန်မြစ်ရေမြင့်တက်မှုကြောင့် အိုးဘိုဘုန်းတော်ကြီးကျောင်းသို့ ယာယီပြောင်းရွှေ့ နေထိုင်နေရသော ကျွန်းလျားရှည်အုပ်စု၊ အိုးဘိုကျေးရွာရှိအိမ်ထောင်စု (၁၁)စု၊ လူဦးရေ ကျား(၂၇)ဦး၊ မ (၃၁)ဦး၊ ပေါင်း (၅၈)ဦးတို့အား အိမ်ထောင်စု (၁)စုလျင်ဆန်(၁)ပြည်၊ ဆီ (၅၀)သား၊ ခေါက်ဆွဲခြောက်(၂)ထုတ်၊ ရေသန့်(၁)ဘူးတို့အား မြို့နယ်အစီအစဥ်ဖြင့် သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 ဆက်လက်၍ ဘုန်းတော်ကြီးကျောင်းသို့ ယာယီပြောင်းရွှေ့နေထိုင်‌ နေရသည့် ဒေသခံပြည်သူများ အား ကျန်းမာရေးဌာနမှလည်း ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိပြီး အဆိုပါ ရေဘေးရှောင်ပြည်သူ များအနက်ကျောင်းသား/သူ (၁၅)ဦးမှာထ(ခွဲ)ကျွန်းလျားရှည်နှင့် အမက-ညောင်ချောင်း စာသင်ကျောင်းတို့တွင် သင်ကြားမှုမပျက် ဆက်လက်သင်ကြားနေကြောင်း သိရသည်။


ကျော်ဇင်စိုး

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)