ပခုက္ကူမြို့နယ်တွင် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများရှိ ပြည်သူများအား နေအိမ်များသို့ ကူညီပြောင်းရွှေ့ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူမြို့နယ်တွင် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများရှိ ပြည်သူများအား နေအိမ်များသို့ ကူညီပြောင်းရွှေ့ပေး




ပခုက္ကူ၊ ဇူလိုင် ၂၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်အောက် တစ်ပေခွဲကျော်ကျဆင်းသွားသဖြင့် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများရှိ ပြည်သူများအား နေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့ပေးခြင်း ယနေ့နံနက် ၈ နာရီခွဲအချိန်က တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်ထွန်းနိုင်တို့ ဦးဆောင်၍  ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ ဝန်ထမ်းများ၊  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက် အမှတ်(၁၃) အခြေခံပညာမူလတန်းကျောင်းရှိ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းမှ အိမ်ထောင်စု ၆စု လူဦးရေ ၁၈ ဦး၊ အမှတ်(၁၀)ရပ်ကွက် အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းရှိ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းမှ အိမ်ထောင်စု ၇၆စု လူဦးရေ ၃၀၈ ဦး၊ အမှတ်(၁၂)ရပ်ကွက် အမှတ်(၆) အခြေခံပညာမူလတန်းကျောင်း၊ ဓမ္မသီရိကျောင်း၊ မိုးကောင်းဓမ္မာရုံ၊ မဟာစည်ရိပ်သာများရှိ  ရေဘေးရှောင်ကယ်ဆယ်‌ရေးစခန်းများမှ အိမ်ထောင်စု ၂၄၁စု လူဦးရေ ၁၀၇၄ ဦးတို့အား နေအိမ်များသို့ ကူညီပြောင်းရွှေ့ပို့ဆောင်ပေးခြင်း၊ နေအိမ်များအတွင်းနှင့် လမ်းဘေးဝဲယာ ပတ်ဝန်းကျင်များ သန့်ရှင်းသပ်ရပ်ရေး  ရွံ့နွံများနှင့်အမှိုက်များအား တံမြက်စည်းလှဲပေးခြင်း၊ ရေဖြင့်ဆေးကြောသန့်စင်ပေးခြင်း၊ ရပ်ကွက်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွားစေရေး၊ ပိုးလောက်လန်းနှင့် ခြင်များ မပေါက်ဖွားစေရေး ရေတွင်း၊‌ ရေကန်များအား ကလိုရင်းဆေးရည်များထည့်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ဘာမီသာ(ပခုက္ကူ)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)