လှိုင်းဘွဲမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် အာရှကားလမ်းမပေါ်ရှိ တံတားချဉ်းကပ်လမ်း ပြိုကျပျက်စီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်းဘွဲမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် အာရှကားလမ်းမပေါ်ရှိ တံတားချဉ်းကပ်လမ်း ပြိုကျပျက်စီး




လှိုင်းဘွဲ၊ ဇူလိုင် ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌   မိုးများအဆက်မပြတ် သည်းထန်စွာရွာသွန်းပြီး တောင်ကျရေ စီးဆင်းမှုကြောင့် ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့်တွင် ပိုင်ကျုံမြို့ နောင်ခွီးကျေးရွာအုပ်စု  ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်(တံတားကျိုး)အာရှလမ်းမကြီးပေါ်ရှိ သောက်တော်ကျေးရွာအနီး တံတားအမှတ် (၂/၃၃)၊ အရှည်(၁၂၀)ပေ၊ အကျယ်(၃၀)ပေ၊ အမြင့်(၁၅)ပေ ရှိသော သံကူကွန်ကရစ်တံတား၏ ချဉ်းကပ်လမ်း စုစုပေါင်း(၅၀)ပေခန့် ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ တံတားချဉ်းကပ်လမ်းပြိုကျမှုကြောင့် လူနှင့်တိရိစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့်တံတားအထူးအဖွဲ့(၂၂)မှ တည်ဆောက်ပေးခဲ့သော တံတားဖြစ်ကြောင်း၊ တံတားချဉ်းကပ်လမ်းအား အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေးအတွက် တံတားအထူးအဖွဲ့မှ တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


စောဒိ

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)