ဓာတ်ပုံတစ်ပုံရဖို့ ဘဝတွေကို လောင်းကြေးထပ်တဲ့ နီပိန်း ပဒက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဓာတ်ပုံတစ်ပုံရဖို့ ဘဝတွေကို လောင်းကြေးထပ်တဲ့ နီပိန်း ပဒက်



ဒီရက်ပိုင်းအတွင်း စဉ့်ကူးမြို့ကို နီပိန်း ပဒက်တွေနဲ့ TNLA သောင်းကျန်းသူအုပ်စု ပူးပေါင်းတိုက်ခိုက်မှုက ပွက်လောရိုက်သွားခဲ့ပါတယ်။ ပြည်ဖျက်မိစ္ဆာတွေရဲ့ ရေးသားဖော်ပြချက်တွေမှာတော့ စဉ့်ကိုင်ကို နီပိန်း ပဒက်တွေက သိမ်းလိုက်ပြီလိုလို ဂုဏ်ဆာကြလေသတည်းပေါ့။

စဉ့်ကိုင်ကို နီပိန်း ပဒက် ပြည်ဖျက်မိစ္ဆာတွေက သိမ်းပိုက်ထားနိုင်တုန်းပဲဆိုရင် သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်မှာ မဟုတ်ပါဘူး။ နှိမ်နင်းဆောင်ရွက်ပြီးမှသာ သတင်းထုတ်ပြန်လေ့ ရှိပါတယ်။၂၀-၇-၂၀၂၄ ကတည်းက သတင်းထုတ်ပြန်ရေးအဖွဲ့က စဉ့်ကူးမြို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ထိန်းချုပ်နိုင်ပြီး အကြမ်းဖက်သမားများကို ခြေမှုန်းဆောင်ရွက်ခဲ့ရတဲ့ အခြေအနေကို ထုတ်ပြန်ထားပါတယ်။

PDF အမည်ခံအကြမ်းဖက်သမားများသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ လဆန်းပိုင်းမှစ၍ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်းသို့ အင်အားအလုံးအရင်းဖြင့်ဝင်ရောက်၍ စဉ့်ကူးမြို့ဝန်းကျင်ရှိ လုံခြုံရေးတပ်စခန်းများကိုတိုက်ခိုက်ခြင်း၊ မြို့အတွင်းသို့ဝင်ရောက်ပြီး မြို့နယ်ရဲတပ်ဖွဲ့စခန်းနှင့် လုံခြုံရေးဆောင်ရွက်နေသောနေရာများကို တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ပါတယ်။

ထို့နောက် PDF အမည်ခံအကြမ်းဖက်သမားများသည် မြို့နှင့်အနီးပတ်ဝန်းကျင်တွင် ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ လူနေအိမ်များနှင့် အစိုးရ၏ အုပ်ချုပ်မှုယန္တရားများရပ်တန့်စေရန် ဌာနဆိုင်ရာအဆောက်အဦများအားမီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်း၊ နေရပ်စွန့်ခွာသူဒေသခံများ၏နေအိမ်များသို့ ဖောက်ထွင်းဝင်ရောက်၍ ပစ္စည်းများယူဆောင်ခြင်း၊ ဖျက်ဆီးခြင်း စသည့်အကြမ်းဖက်အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်ခဲ့ပါတယ်။

PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် စဉ်ကူးမြို့မှ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပြီး ထိုကဲ့သို့ အကြမ်းဖက်သမားများ၏ အဖျက်အမှောင့်လုပ်ရပ်များကို လက်မခံနိုင်သော စဉ့်ကူးမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများက ၎င်းတို့၏ရပ်ရွာလုံခြုံရေးအတွက် မြို့၊ ရွာ ကာကွယ်ရေးအဖွဲ့များဖွဲ့စည်းခဲ့ပြီး တပ်မတော်အနေဖြင့် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter- Terrorism Operation) ဆောင်ရွက်ရန်အတွက် လိုအပ်သည့် မြို့၊ ရွာကာကွယ်ရေး အဖွဲ့များ အပါအဝင် ပြင်ဆင်လေ့ကျင့်ခြင်းနှင့် လိုအပ်သည့်စုဖွဲ့မှုများကို ဆောင်ရွက်ခဲ့ရပါတယ်။

ထို့ကဲ့သို့ စုဖွဲ့ပြင်ဆင်ပြီးနောက် တပ်မတော်စစ်ကြောင်းများသည် စဉ့်ကူးမြို့အတွင်းနှင့် အနီးပတ်ဝန်းကျင်ရှိ PDF အမည်ခံအကြမ်းဖက်သမားများအား အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter- Terrorism Operation) ဆောင်ရွက်ရန်အတွက် ဇူလိုင်လ ၁၉ ရက်တွင် စဉ့်ကူးနယ်မြေအတွင်းသို့ ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းတို့မှ စနစ်တကျအဆင့်ဆင့်ခြေကုတ်ယူ၍ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများရယူ ချီတက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး စဉ့်ကူးမြို့အား ယနေ့တွင် တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။

PDF အမည်ခံအကြမ်းဖက်သမားများသည် စဉ့်ကူးမြို့အတွင်းသို့ရောက်ရှိနေစဉ်အတွင်း ဘာသာရေးဆိုင်ရာအဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အဦများ၊ လူနေအိမ်များအား အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများပြည်သူသွားလာအသုံးပြုသည့် ဆက်သွယ်ရေးလမ်းကြောင်းများပေါ်၌ မိုင်းထောင်ခြင်းများ၊ ဒေသခံပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထုတ်ပြန်ထားသည့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-ROE) နှင့်အညီ ဆောင်ရွက်ခဲ့ရတဲ့အခြေအနေကို ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

နီပိန်း ပဒက်တွေမှာ ဆင်ခြင်တုံတရားမရှိဘူး။ ပြည်ပြေး ဝရမ်းပြေးတွေ ဂုဏ်ဆာနိုင်ဖို့အတွက် အများပြည်သူ အတိဒုက္ခရောက်စေမယ့် အလုပ်ကို လုပ်တယ်။ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ဖို့ ဝန်မလေးဘူး။ ယခု ဖော်ပြပါ ဓာတ်ပုံထဲမှာပါတဲ့ နီပိန်းပဒက် အကြမ်းဖက်သမား ဘယ်နှယောက်များ အသက်ရှင်ကျန်သလဲ။ ပြည်ပြေး ဝရမ်းပြေးတွေက နောက်ဆက်တွဲ နီပိန်း ပဒက်တွေ သေပွဲဝင်ရတဲ့ အခြေအနေကို စိတ်မဝင်းဘူး။ နီပိန်း ပဒက်တွေ သေလို့လည်း ဘာမှ တာဝန်ယူဖို့မလိုဘူး။ နီပိန်း ပဒက်တွေ မိုက်လုံးထွားနေဖို့ပဲ လိုတယ်။ 

နီပိန်း ပဒက် အကြမ်းဖက်သမားများဟာ လက်နက်ကိုင်ပြီး အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတာ ဖြစ်တဲ့အတွက် အကြမ်းဖက်နှိမ်နင်းရေးဆိုတာကလည်း ပန်းနဲ့လိုက်ပေါက်လို့ရတဲ့ အရာမျိုး မဟုတ်ပါဘူး။ ဖော်ပြပါ ဓာတ်ပုံထဲက စောက်ခွက်တွေ နောက်တစ်ခါ မြန်မာ့မြေပေါ်မှာ ပြန်မြင်ရဖို့ မလွယ်တော့ဘူး။ လူ့အသက်တွေက တန်ဖိုးရှိပါတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် ကောင်းကျိုးပြုတဲ့လူတွေဆိုရင်တော့ ကူညီရမယ်၊ ကယ်တင်ရမယ်။ ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာတွေဆိုရင်တော့ ဘဝနိဂုံး အဆုံးမလှ ဖြစ်ကြရမှာမလွဲ။


ဒေါင်းနင်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)