လောက်ကိုင်မြို့ရှိ MNDAA အကြမ်းဖက်အဖွဲ့ ဌာနချုပ်တည်ရှိရာ အဆောက်အအုံကို တပ်မတော်က လေကြောင်းဖြင့် ရှင်းလင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

လောက်ကိုင်မြို့ရှိ MNDAA အကြမ်းဖက်အဖွဲ့ ဌာနချုပ်တည်ရှိရာ အဆောက်အအုံကို တပ်မတော်က လေကြောင်းဖြင့် ရှင်းလင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိ



နေပြည်တော်၊ ဇူလိုင် ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) အကြမ်းဖက်လုပ်ရပ်များကို ဦးဆောင်နေသော MNDAA အကြမ်းဖက်အဖွဲ့၏ ဌာနချုပ်ရှိရာ အဆောက်အအုံကို တပ်မတော်က လေကြောင်းဖြင့် ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

MNDAA, TNLA, PDF အကြမ်းအဖွဲ့များ၏ လုပ်ရပ်များကြောင့် ဒေသခံပြည်သူပေါင်းများစွာ အတိဒုက္ခရောက်ခဲ့ရပြီး ပြည်သူများက အကြမ်းဖက်အဖွဲ့များကို ပြတ်သားစွာ နှိမ်နင်းဆောင်ရွက်ပေးရန် တောင်းဆိုမှုများ မြင့်တက်လာချိန်တွင် တပ်မတော်က အကြမ်းဖက်နှိမ်နင်းရေး အရှိန်အဟုန်မြှင့်တက် ဆောင်ရွက်လျှက်ရှိသည်။

MNDAA, TNLA, PDF အကြမ်းဖက်အဖွဲ့များ၏ လုပ်ရပ်များကို လက်မခံနိုင်တော့သည့် လားရှိုးမြို့နေ ဈေးသည် အမျိုးသမီးတစ်ဦးက "ကျွန်မတို့တွေမှာ ဘာမှ လုပ်စားစရာ မရှိတော့ဘူး။ သူတို့တွေက မြို့ထဲကို ရှော့တိုက်ဒုံးတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ရပ်ကွက်ထဲကျလို့ ပြည်သူတွေသေဆုံးရ၊ စာသင်ကျောင်းပေါ်ကျလို့ ဆရာ/ဆရာမတွေ သေဆုံးရ။ အဲဒီတော့ ဒီကောင်တွေ ရှိနေရင် ဘာမှလုပ်စားလို့ ရမှာမဟုတ်ဘူး။ မြေကျန်ရင်ရပါပြီ။ နှိမ်နင်းပေးပါလို့ တောင်းဆိုချင်ပါတယ်။" ဟု ရင်ဖွင့် ပြောဆိုထားသည်။

MNDAA ဦးဆောင်သော အကြမ်းဖက်အဖွဲ့များက လားရှိုးမြို့တွင်းကို ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် လားရှိုးမြို့နေ အရပ်သားပြည်သူ ၃၀ ထက်မနည်းသေဆုံးခဲ့ရပြီး မြို့နေပြည်သူအများအပြား စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)