အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်၏ လွတ်လပ်စွာစုဝေးခွင့်ဆိုင်ရာ အာဆီယံ ဖိုရမ်သို့ စင်ကာပူမြို့ သံရုံးယာယီတာဝန်ခံ/ သံအမတ် တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်၏ လွတ်လပ်စွာစုဝေးခွင့်ဆိုင်ရာ အာဆီယံ ဖိုရမ်သို့ စင်ကာပူမြို့ သံရုံးယာယီတာဝန်ခံ/ သံအမတ် တက်ရောက်




အင်ဒိုနီးရှား၊ ဇူလိုင် ၂၃

အင်ဒိုနီရှားနိုင်ငံ၊ ဘန်တန်မြို့တွင် ၁၅-၇-၂၀၂၄ ရက်မှ ၁၆-၇-၂၀၂၄ ရက်အထိ ကျင်းပ ခဲ့သည့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်၏ လွတ်လပ်စွာစုဝေးခွင့်ဆိုင်ရာ အာဆီယံဖိုရမ်သို့ (ASEAN Forum on Freedom of Peaceful Assembly) သို့ မြန်မာသံရုံး၊ စင်ကာပူမြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဇော်ဇော်စိုး တက်ရောက်ခဲ့သည်။

ဖိုရမ်တွင် အင်ဒိုနီးရှားနိုင်ငံ၊ AICHR ကိုယ်စားလှယ်မှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ အာဆီယံနိုင်ငံများမှ AICHR ကိုယ်စားလှယ်များ၊ အာဆီယံ၏ဆွေးနွေးဖက်အဖွဲ့များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အာဆီယံနှင့် ဆက်စပ်အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ၊ အာဆီယံဒေသတွင်းမှ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသည့်အဖွဲ့စည်းများ၊ လူမှု့ အဖွဲ့အစည်းများနှင့် လေ့လာသူပညာရှင်များ ပါဝင်တက်ရောက်ခဲ့သည်။ 

အဆိုပါ ဖိုရမ်သည် ငြိမ်းချမ်းလွတ်လပ်စွာဖြင့် စုဝေးခွင့်ဆိုင်ရာ အာဆီယံဖိုရမ်အနေဖြင့် အာဆီယံလူ့အခွင့်အရေးကြေညာစာတမ်း (AHRD) ၏ အပိုဒ်၂၄ ကို အကောင်အထည် ဖော်ဆောင် ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ စံနှုန်းထားဆောင်ရွက်ရမည့် အချက်များနှင့် စွမ်းဆောင်ရည်များကို အထောက်အကူပြုနိုင်ရန်ရည်ရွယ်ပြီး ဖိုရမ်၏ ဆွေးနွေးအကြံပြု ချက်များမှာ AICHR ၏ ကိုးကားဆောင်ရွက်ရမည့်လုပ်ငန်းစဉ်နှင့် AICHR (၂၀၂၁-၂၀၂၅) ငါးနှစ်စီမံကိန်း အကောင်အထည်ဖော်မှုဆိုင်ရာတို့အတွက် အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)