ကြံခင်း၊ ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ကလို့ကွင်းအုပ်စု၊ ချင်းမြောင်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ချင်းမြောင်) ကျောင်းတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျောင်းရှိ ပညာတန်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ အခမ်းအနားကို သဲဖြူကျေးရွာအုပ်ချုပ်ရေးမှူး ဦးနေဝင်းနှင့် အ.ထ.က(ချင်းမြောင်) ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးအေးမင်းတို့က အဖွင့်အမှာစကား ပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က သားငယ်သမီးငယ်များအား လူတော်လူကောင်း များဖြစ်ပေါ်လာစေရန်၊ အပြောစွမ်းရည် မြင့်မားလာစေရန်၊ ဆွေးနွေးပြောဆိုတတ်သည့်အလေ့အကျင့် ကောင်းများရရှိလာစေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန် နှင့် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံလာစေရန် စသည့်ရည်ရွယ်ချက်များစွာဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က ဦးဆောင်ဆွေးနွေးသူ Moderator အဖြစ်ဆောင်ရွက်ကာ ဒုတိယနှစ်(စက်မှု)မှ ကျောင်းသား မောင်ကောင်းခိုင်ခန့်က " ကျောင်းသားတို့ရဲ့ စက်မှုပညာ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပထမနှစ် (မွေးမြူရေး)မှ မဟန်ဆုယဉ်က " မွေးမြူရေးနှင့် ကျောင်းသားလူငယ်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-6 ကျောင်းသား မောင်ဇွဲဝဿန်ဦးက "ကျောင်းသားလူငယ်နှင့် ပညာရေးအခွင့်အလမ်း" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယနှစ် (စိုက်ပျိုးရေး)မှ မသိမ့်နဒီထွန်း က "သင်ယူစရာ စိုက်ပျိုးပညာ" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြကာ ဆွေးနွေးချက္များအပေါ် ကျောင်းအုပ်ဆရာမကြီးက သုံးသပ်ဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် အခမ်းအနား သို့တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ကြရာ ကဏ္ဍအလိုက် ဆွေးနွေးကြသူများက ပြန်လည်ဖြေကြားကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ကြသည်။
ယင်းနောက် ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတ ရသစာအုပ်စာစောင်ပြပွဲ၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအသိ ပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း
Join - https://t.me/MyanmarNationalPost




No comments:
Post a Comment