ကျောက်စိမ်းဖြင့်အသက်မွေးမြူသူ ကျောက်သမားတစ်ဦး၏ တင်ပြချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်စိမ်းဖြင့်အသက်မွေးမြူသူ ကျောက်သမားတစ်ဦး၏ တင်ပြချက်




မန္တလေး၊ မဟာအောင်မြေကျောက်ဝိုင်းအဖြစ်က -

ငန်းရှင်ဟာ တစ်နေ့ရွှေဥတုလုံး ရတာကို နည်းတယ်ထင်ပြီး လောဘတက်ခါ ငန်းကို ဗိုက်ခွဲသတ်သလိုမျိုးဖြစ်နေပြီ။ 

မဟာအောင်မြေကျောက်မျက်ရတနာဈေးသည် ကျွန်တော့်အထင် မြန်မာတစ်နိုင်ငံလုံးမှာ အခွန်အရဆုံးဈေးလို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ -

၁။ နိုင်ငံခြားသား/ တရုတ် ၁ယောက် ဝင်ကြေး = ၄၀၀၀ ကျပ် × ၁၂၀၀ ယောက် = ၄၈၀၀၀၀၀ိ/

(ဝီချက် ၁ခန်း - ၂ယောက် × အခန်း ၆၀၀) ၄၈၀၀၀၀၀ × ၃၀ = သိန်း (၁၄၄၀)

၂။ ဆိုင်ကယ်/ကားပါကင်လေလံ သိန်း ၁၅၀၀× ၃ = သိန်းပေါင်း (၄၅၀၀) တစ်နှစ်စာ

၃။ ဆိုင်ခန်းလခ - (ဆိုင်ရှင် ၁၅၀၀၀ / ဆိုင်ငှား ၃၀၀၀၀) ×၁၁၁၇ခန်း = ပျမ်းမျှ သိန်း(၂၅၀)ကျော်

၄။ ၁ပေခွဲ တစ်ဦးချင်းကျောက်ဝယ်ခုံ = ၃၀၀နှုန်း × ၂၀၀၀ = ၆၀၀၀၀၀ × ၃၀ ရက် = သိန်း ၁၈၀

သန့်စင်ခန်းလေလံနှင့် စားသောက်ဆိုင်၊ ပျံကျဈေးသည် နေ့စဉ်ကောက်ခံငွေမပါ လစဉ် ငွေကျပ်သိန်းပေါင်း ၂၄၉၅သိန်း လစဉ် ရရှိပြီး နိုင်ငံတော်ဘဏ္ဍာအတွင်း မည်မျှရောက်ရှိသည်ကိုတော့ မသိပါ။

ရောက်လာသမျှ ဈေးအုပ်ချုပ်ရေးမှူးမှန်သမျှ (၂)နှစ်အတွင်း တိုက်နှင့် ကားနှင့်အပြင် ဆိုင်ခန်းပိုင်ရှင်က ဆိုင်ခန်းအငှားစာချုပ် ချုပ်လျှင် လက်ရှိအုပ်ချုပ်ရေးမှူးကို စာချုပ်ခ ငွေ(၅)သိန်း ပေးရသည်။ (သက်သေရှိ)

သည်လို အခွန်ငွေရှာဖွေပေးနေတဲ့ ကျောက်မျက်ဈေးအပေါ် ယခင်က မကြားဖူးတဲ့ တရုတ် - မြန်မာဆက်ဆံရေးအဖွဲ့ (Online ဖြင့် ရောင်းဝယ်သူ နိုင်ငံခြားသားများအား စီမံအုပ်ချုပ်ရေးရုံးခန်း) ဆိုပြီး တရုတ်ကုန်သည်များအပေါ် တဖက်သတ် တင်းကြပ်သော စည်းမျဉ်းစည်းကမ်းနှင့် ကိုယ်ရေးကိုယ်တာ လုံခြုံရေးအချက်အလက်တွေနှင့် ထိန်းချုပ်လာတော့ တရုတ်ကုန်သည်တွေက လက်မခံနိုင်၊ ပြန်ကြပြီပေါ့။ 

မဟုတ်လည်း တရုတ်ပြည်၊ ရွှေလီမှ ထိုင်ဝယ်နေကြပြီ။

မဟာအောင်မြေကျောက်မျက်ဈေးမှာ ဆိုင်ခန်းပေါင်း (၁၁၁၇)ခန်းရှိပြီး တရုတ်ဝီချက်အခန်း (၆၀၀) ဆို မြန်မာဝန်ထမ်း ၂ဦးနှုန်း ဖြင့် လူ(၁၂၀၀) အလုပ်အကိုင် ရရှိသလို ကျောက်စိမ်းဝယ်ယူသူ တရုတ်ကုန်သည်များကို မှီပြီး ရောင်းဝယ်နေကြသော အခြေခံကျောက်သမား ကုန်သည်၊ ပွဲစားတွေ သောင်းနှင့်ချီပြီး အလုပ်အကိုင် အခွင့်အလမ်းရတာမို့ နိုင်ငံတော်၏ လူမှုစီးပွားဘဝ တိုးတက်ရေး ရည်မှန်းချက်နှင့်လည်း ညီပါသည်။

ယခုတော့ “အစွယ်လိုသူ က မိဖုရား၊ စေခိုင်းသူ က မင်းဧကရာဇ်၊ ဆင်စွယ်ဖြတ် သတ်ဖြတ်သူ သောနုတ္ထိုလ် မုဆိုးက (တရုတ် - မြန်မာဆက်ဆံရေးအသင်း)ကြောင့် အမှန်တကယ် နစ်နာဒုက္ခရောက်နေသူက အများပြည်သူ ကုန်သည်ပွဲစား ဈေးစည်များနှင့် ဝန်ထမ်းအလုပ်သမားများအပြင် ဆိုင်ကယ်ပါကင် လေလံလုပ်ကိုင်သူများပါ ဒုက္ခရောက်၊ အဆင်မပြေဖြစ်နေပါသည်။ 

သို့ဖြစ်ပါ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့မှ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ပြန်လည်စိစစ်ဖြေလျှော့ပေးပါရန် ရိုသေလေးစားစွာဖြင့် အသနားခံ တင်ပြအပ်ပါသည်။

(မှတ်ချက် ။  ။ လူတစ်ယောက်ကို ဝင်ခွင့်ကတ် ၅၀၀၀ ကျပ်နှုန်းဖြင့် × လူ ၆၀၀၀၀ ဝင်ခွင့်ငွေ တစ်နှစ်စာ သိန်း ၃၀၀၀ ကျော် ရရှိပါသည်။) 


ကျောက်သမားတစ်ဦး

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)