ရွှေဘိုမြို့နယ်၊​ ကျောက်​မြောင်းမြို့ ယာယီရေဝင်ပြောင်းရွှေ့အိမ်ထောင်စုများအား ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေဘိုမြို့နယ်၊​ ကျောက်​မြောင်းမြို့ ယာယီရေဝင်ပြောင်းရွှေ့အိမ်ထောင်စုများအား ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်


​ရွှေဘို၊ ဇူလိုင် ၁၆

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ​ရွှေဘိုမြို့နယ်၊ ​ကျောက်​မြောင်းမြို့ အမှတ်(၁)ရပ်ကွက် ​ရွှေဂွန်နှင့်မ​ခေါက်​ကျေးရွာ၊ အမှတ်(၁)၊ အမှတ်(၄)ရပ်ကွက်တို့ရှိ ယာယီရေဝင်ပြောင်းရွှေ့ အိမ်ထောင်စုများအား ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများ ပေးအပ်ခြင်းကိုယမန်​နေ့ မွန်းလွဲပိုင်းက မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမတွင် ကျင်းပသည်။

ထိုသို့ထောက်ပံ့ငွေများပေးအပ်ရာတွင် ​ရွှေဘိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ဇော်မျိုးဝင်းနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ​ဒေါ်​ချောစုနှင့် တာဝန်ရှိသူများက ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ဇူလိုင်လ(၁၁)ရက်နေ့အထိ စာရင်းရှိ ယာယီရေဝင် ပြောင်းရွှေ့အိမ်ထောင်စုပေါင်း (၃၈၇)စု၊ လူဦးရေပေါင်း(၁၆၃၃)ဦးတို့အား တစ်ဦးလျှင်ဆန်ရိက္ခာ ထောက်ပံ့ငွေ(၁)ပတ်စာ စုစုပေါင်း ငွေကျပ်(၃၄၂၉၃၀၀)တို့အား ထောက်ပံ့ပေးအပ်ခဲ့​ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)