ကံမမြို့နယ်တွင် ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကံမမြို့နယ်တွင် ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ



ကံမ ၊  ဇူလိုင် ၃


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့ ယနေ့ ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်(၈) နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ(ခြောက်ပင်)၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနတို့က စိုက်ပျိုးမည့်ပျိုးပင်များအား ပေးအပ်ရာ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များနှင့်  ဌာနဆိုင်ရာ အသီးသီးတို့က လက်ခံရယူခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ၊‌ ကျောင်းသား ကျောင်းသူများ စုပေါင်း၍ အရိပ်ရအပင် တမာ(၂၀၀)ပင်၊ ကျွန်း(၅၀)ပင်၊ ပျဉ်ကတိုး(၅၀)ပင်၊ ပိတောက်(၅၀)ပင်၊ ခရေ(၅၀)ပင်၊ စုစုပေါင်း (၄၀၀)ပင်တို့ကို အခြေခံပညာအထက်တန်းကျောင်းခွဲ(ခြောက်ပင်)၏ ကျောင်းဝန်အတွင်း၌ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


ကျော်ဇေယျဝင်း(ကံမ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)