ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၊ သမ္မတသစ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ရန် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံသို့ ထွက်ခွာ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၊ သမ္မတသစ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ရန် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံသို့ ထွက်ခွာ



မန္တလေးမြို့၊ ဇူလိုင် ၂၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၊ လွှတ်တော်ဥက္ကဋ္ဌ မစ္စတာ မိုဟာမက် ဘက်ဂါ ဂါလီဘာ့ဖ် ၏ ဖိတ်ကြားချက်အရ တီဟီရန်မြို့၌ ကျင်းပပြုလုပ်မည့် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၊ သမ္မတ အဖြစ် ရွေးကောက်ခံထားရသည့် မစ္စတာ မာဆော့ ပါဇက်ရှ်ကီရမ် ၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား (Swearing-in Ceremony) သို့ ပါဝင်တက်ရောက်ရန် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်၊ နံနက်ပိုင်းတွင် မန္တလေးမြို့မှ လေကြောင်းခရီးဖြင့် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံသို့ ထွက်ခွာခဲ့သည်။ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များက ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)