လားရှိုး၊ ဇူလိုင် ၁၀
ယနေ့ (၁၀-၇-၂၀၂၄) ရက်နေ့ နံနက်အစောပိုင်းမှ စတင်၍ MNDAA အကြမ်းဖက်အဖွဲ့က ရှော့တိုက်ဒုံးများဖြင့် လားရှိုးမြို့အတွင်းကို ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
MNDAA အကြမ်းဖက်အဖွဲ့က ပစ်ခတ်သည့် ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီး ၄ဦး သေဆုံးကာ ၁၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
မြို့ခံတစ်ဦးက "ဒီမနက် ရှော့တိုက်ဒုံးတွေက အဆက်မပြတ် ဝင်နေတယ်။ ဒါက စစ်တိုက်တာမဟုတ်တော့ဘဲ အပြစ်မဲ့ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်နေတာပါ" ဟု ပြောသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment