အရာတော်မြို့နယ်အတွင်း PDF အကြမ်းဖက်သမားများ လှုပ်ရှားမှု အခြေအနေ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သိအောင် တင်ပြပေးပါ (အိတ်ဖွင့်ပေးစာ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အရာတော်မြို့နယ်အတွင်း PDF အကြမ်းဖက်သမားများ လှုပ်ရှားမှု အခြေအနေ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သိအောင် တင်ပြပေးပါ (အိတ်ဖွင့်ပေးစာ)



စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ် ကပါ။ 

ရွှေဘိုမြို့အထွက်မှာ စစ်တပ်ဂိတ် အခိုင်အမာရှိတယ်။ ရွှေဘိုနဲ့ မဝေးတဲ့ တဂဏန်းမှာ PDFဂိတ်ရှိတယ်။ ရွှေဘိုနဲ့ တဂဏန်းဆိုတာ ဘာမှမဝေးပါဘူး။ အလွန်ဆုံးတစ်မိုင်ခွဲနိုင်မိုင်ပေါ့ဗျာ။ အဲဒီလို လမ်းမှာတမိုင်ခန့်ပဲ ဝေးတာကို စစ်တပ်ကလည်းမတိုက်၊ PDFကလည်းမတိုက်နဲ့ လာသမျှခရီးသွားကားတွေကို ဟိုကစစ် ဒီကစစ် လောက်လုပ်နေကြတယ်။

ကိုနောင်တော်လေးကိုပြောခဲ့ဖူးတယ်။ အရာတော်မြို့နယ် NLD လွှတ်တော်အမတ်ဟောင်း ဝဏ္ဏ အကြောင်းပေါ့။ အရင် အရာတော်မြို့နယ်မဲဆန္ဒနယ် (အရင်အရာတော်မြို့နယ်မဲဆန္ဒနယ် ၁ က ဝဏ္ဏရဲ့မဲစည်းရုံးရေးမှူးက အရာတော်မြို့နယ် နေရာခင်းအုပ်စု၊ နေရာခင်းရွာက စိုးတင့် NLDအမာခံပါ။)

အခု သူက အုပ်စုတရားစီရင်ရေးကိုတောင် နေရာခင်းရွာမှာ ဖွင့်လစ်ပြီးတရားစီရင်နေတယ်တဲ့။ နောက်အရာတော်နယ်က PDFတွေ ကို ခေါင်းဆောင်မှုအများဆုံးနဲ့ လှုပ်ရှားနေသူက ဘိတ်သိတ်ဆရာ သော်က ဆိုသူပါ။ 

တပ်က အရာတော်မြောက်လက်ကို ဘာကြောင့်ယနေ့အချိန်ထိ ရှင်းလင်းမှု တစ်စုံတရာမပြုလုပ်သလဲ စဉ်းစားမရဘူး။ ကိုယ့်ရွာဒေသအတွက် ရင်လေးမိပါရဲ့။

ရွာဘက်တွေမှာ ရွာကာကွယ်ရေးအဖွဲ့ဆိုသူတွေက တစ်အိမ်ထောင်ကို ဆင်းရဲတဲ့သူဆို ကျည်ဖိုးငါးသောင်းချမ်းသာတဲ့သူဆို ကျည်ဖိုးတစ်သိန်းတောင်းတယ်။ 

လယ်စိုက်ချင်ရင် မူးမြစ်ရင်ရေလွယ်တဲ့နေရာကို စိုက်ရင်တစ်ဧကတစ်သိန်း၊ မူးမြစ်ဖျားက လယ်တွေစိုက်ရင်တစ်ဧက ငါးသောင်းတောင်းတယ်။ နေရာခင်းရွာက စိုးတင့်ဆိုတာ အရင်ထဲက NLDအမာခံ ဖြစ်သလို ဝဏ္ဏရဲ့မဲစည်းရုံးရေးမှူးလည်း ဖြစ်ခဲ့တဲ့သူ။

ဝဏ္ဏကိုလည်း မရှင်းနိုင်၊ စိုးတင့်ကိုလည်း မဖမ်းနိုင်။ အခုတော့ စိုးတင်က နေရာခင်းအုပ်စုမှာ NUG တရားစီရင်ရေးတောင် ဖွဲ့ပြီး ရဲရဲဝင့်ဝင့်လုပ်နေတာကို အရာတော်နယ်က တပ်နယ်မှူးတွေ မသိတာလား။ ဒါမှာမဟုတ် သူတို့ကိုယ်တိုင်က ဝေစားမျှစားပဲ လုပ်နေကြတော့တာလား။ 

ကျုပ်တို့ဆို အခုချိန်ထိမွေးရပ်ဇာတိမပြန်နိုင်ခဲ့ဘူး။ 

အရာတော်မြို့နယ်၊ နေရာခင်းအုပ်စု၊ နေရာခင်းရွာမှာ NUGတရားစီရင်ရေးရုံး ဖွင့်ထားပါတယ်။ အကြီးအကဲလုပ်နေသူကတော့ NLD လွှတ်တော်အမတ်ဟောင်း ဝဏ္ဏ၏ မဲစည်းရုံးရေးမှူးစိုးတင့်ပါ။ 

အရင်က ကားနောက်လုပ်နေတဲ့ အဆင်မပြေတဲ့ ကလေကချေတွေက အခုတော့ သေနတ်တကားကားနဲ့ စကိုဖီးဆီပြီး ပေါ်ပေါ်တင်တင် သွားလာလှုပ်ရှားပြီး ဆရာကြီးတွေလုပ်နေကြတယ်ဗျာ။ အရာတော်မြို့မှာ စစ်တပ်ရှိပါလျက် ဒီသတင်းတွေကိုမကြားတာလား။ သိရဲ့နဲ့ တမင်လွတ်ထားပြီး ဝေမျှစားနေတာလားကို မသိတော့ဘူး။ 

ဆားတောင်နဲ့ ရွှေဘိုကြားမှာ  PDFဂိတ် လေးငါးဂိတ်ရှိတယ်။ ရွှေဘို၊ အုန်းတော၊ စစ်ကိုင်းက တပ်တွေကရော ဒါတွေကို မသိတာလား။ ရွှေဘို - မန္တလေးလမ်း၊ အရာတော် - ရွှေဘိုလမ်းကို ဘာ့ကြောင့်တပ်က မရှင်းလင်းနိုင်လဲ စဉ်းစားမရဘူး။ 

ဘိတ်သိဆရာ သော်ကဆိုသူက အရာတော်မြို့နယ် ရှောက်ခါးရွာသား၊ အခုဆို ရွာဘက်တွေမှာ လူထုတွေ့ဆုံပွဲတွေလုပ်ရင် လက်နက်နဲ့ အစောင့်အရှောက်တွေနဲ့ကားနဲ့ သွားလာလှုပ်ရှားနေတယ်။ 

သတင်းမီဒီယာအနေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကြီး သိအောင် တင်ပြပေးပါ။


ဒေသခံ ပြည်သူတစ်ဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)