PDF အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်း ခံရသော မရီရီလွင် ၏ မိသားစုအား နေပြည်တော်အမျိုးသားရေးအဖွဲ့မှ သွားရောက် ကူညီထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်း ခံရသော မရီရီလွင် ၏ မိသားစုအား နေပြည်တော်အမျိုးသားရေးအဖွဲ့မှ သွားရောက် ကူညီထောက်ပံ့








နေပြည်တော်၊ ဇူလိုင် ၂၄

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် နေထိုင်ပြီး မိဘများရှိရာ နတ်မောက်မြို့သို့ ဝါဆိုဦး သွားရောက်ကန်တော့စဉ် PDF အကြမ်းဖက်သမားများ၏ ရက်စက်စွာ သတ်ဖြတ်ခြင်းခံရသော မရီရီလွင် မိသားစုအား နေပြည်တော်အမျိုးသားရေး ဦးဆောင်ဆရာတော်များနှင့် အဖွဲ့ဝင်များက သွားရောက်ကူညီပံ့ပိုးပေးခဲ့ကြသည်။

မရီရီလွင်သည် ဝါဆိုဦးအခါ မိဘများအား သွားကန်တော့ရာတွင် နတ်မောက်မြို့နယ်၊ ပျော်ဘွယ် - နတ်မောက်လမ်းဘေးရှိ ရွာတော်ရွာတွင် PDF အကြမ်းဖက်သမားများမှ ဆိုင်ကယ် (၅)စီးနှင့် လူ (၁၂)ယောက် လာရောက်ပြီး မိဘများ နေအိမ်အတွင်းထိ ဝင်ရောက်ကာ သေနတ်ဖြင့် (၆)ချက်တိတိ ဦးခေါင်းအား ပစ်ခတ်ခံရပြီး နေရာတွင် သေဆုံးသွားခဲ့ရသည်။

ရုပ်အလောင်းကို ပြန်လည်သယ်ယူခွင့်မရဘဲ နာရေးအခမ်းအနားသို့ နေပြည်တော်အမျိုးသားရေးအဖွဲ့မှ ဦးဆောင်ဆရာတော်များနှင့် အဖွဲ့ဝင်များက သွားရောက်၍ စုပေါင်းကူညီပံ့ပိုးငွေ - ၆၂၅၀၀၀ိ/ ကျပ်အား ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)