ရေကြီး ရေလျှံမှုများကြောင့် အခြေခံပညာကျောင်းပေါင်း ၁၁၂၀ ပျက်စီးဆုံးရှုံး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရေကြီး ရေလျှံမှုများကြောင့် အခြေခံပညာကျောင်းပေါင်း ၁၁၂၀ ပျက်စီးဆုံးရှုံး




နေပြည်တော်၊ သြဂုတ် ၁

ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် ရေကြီးရေလျှံမှုများကြောင့် အခြေခံပညာကျောင်းပေါင်း (၁၇၄၉)ကျောင်း ယာယီပိတ်ထားရပြီး သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် အခြေခံပညာကျောင်းပေါင်း (၁၁၂၀) ရှိကြောင်း ပညာရေးဝန်ကြီးဌာန၏ ဖြေကြားချက်အရ သိရသည်။

ရေကြီးရေလျှံမှုများကြောင့် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အခြေခံပညာကျောင်းပေါင်း (၁၇၄၉)ကျောင်း ယာယီပိတ်ထားရပြီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူမှု ပျက်ကွက်မှုမရှိစေရန်နှင့် ထိခိုက်မှုမရှိစေရန် ရေကျပြီး နောက်ပိုင်း ပိတ်ရက်များတွင် အစားထိုး ပြန်လည်တက်ရောက်စေရန် စီစဉ်ထားကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)