ဇမ္ဗူရစ်ရွှေဆိုင်ပိုင်ရှင်ကို သတ်ပြီး ရွှေထည်နှင့်ငွေများလုယူကာ အလောင်းကို အမြန်လမ်းတွင် စွန့်ပစ်ခဲ့သည့် တရားခံများအား သေဒဏ်နှင့် ထောင်ဒဏ်များ ချမှတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဇမ္ဗူရစ်ရွှေဆိုင်ပိုင်ရှင်ကို သတ်ပြီး ရွှေထည်နှင့်ငွေများလုယူကာ အလောင်းကို အမြန်လမ်းတွင် စွန့်ပစ်ခဲ့သည့် တရားခံများအား သေဒဏ်နှင့် ထောင်ဒဏ်များ ချမှတ်


ရန်ကုန်၊ သြဂုတ် ၁

ကြည့်မြင်တိုင်မြို့နယ်မှ ဇမ္ဗူရစ်ရွှေဆိုင်ပိုင်ရှင်ကိုသတ်ပြီး ရွှေထည်နှင့်ငွေများလုယူကာ အလောင်းကို အမြန်လမ်းတွင် စွန့်ပစ်ခဲ့သည့် တရားခံများအား သေဒဏ်နှင့် ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူများဖြစ်ကြသည့် တရားခံဝိုင်းချစ်ကိုကို (ခ)ဖိုးသားလေး(ဘ)ဦးစန်းမြင့်၊ ကိုဖြိုး(ဘ)ဦးစံရှင်၊ ခိုင်ကိုမောင် (ဘ)ဦးစန်းမြင့်တို့သုံးဦးကို အလုံခရိုင်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၁၇ဝ အရ အလုပ်နှင့် ထောင်ဒဏ် ၂နှစ်စီ၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၁)(ဂ) အရ သေဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တရားခံ ရွှေစင်ရွှေ(ခ)ရွှေစင် (ဘ)ဦးစန်းမြင့်၊ အောင်ဇေယျာပိုင်(ခ)အသေးလေး (ဘ)ဦးစန်းမြင့်၊ ကျော်သူဝင်း(ခ)ဗိုလ်ချဲ (ဘ)ဦးဝင်းကြည်တို့ သုံးဦးကို အလုံခရိုင်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၄၁၁ အရ အလုပ်နှင့်ထောင်ဒဏ် ၂ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)