ပေါင်၊ ဩဂုတ် ၁၄
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စိုက်ပျိုးအောင်မြင်နေသည့် လယ်မြေများအား ယနေ့ နေ့လယ် က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှူရာတွင် သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင် က ဖြူဘကျေးရွာရှိ တောင်သူ ဦးရာဂျား၏ မိုးစပါးပေါ်ဆန်းရင်မျိုးစေ့ထုတ်စိုက်ခင်းနှင့် မှော်ဘီ(၃) စိုက်ခင်း သို့ ကွင်းဆင်းကြည့်ရှူခဲ့ပြီး စိုက်ပျိုးဖြစ်ထွန်းနေသည့်လယ်မြေများကို စနစ်တကျမြေဩဇာကျွေးပြီး လျာထားချက်အတိုင်း တစ်ဧကအထွက်နှုန်းပိုမိုတိုးတက်စေရေး၊ ခရု နှင့် အခြားပိုးမွှားရန်မှကြိုတင်ကာကွယ် ရန်၊ စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူနည်းပညာပေးဆွေးနွေးပွဲတွင် ပြောကြားခဲ့သည့် စနစ်တကျစိုက်ပျိုးခြင်းနည်းလမ်းများကို လက်တွေ့အသုံးချပြီး လိုက်နာပါက တစ်ဧကအထွက်နှုန်း လျာထားချက်အတိုင်း ကျော်လွန်သွားမည်ဖြစ်ပါကြောင်း တောင်သူများအား ပြောကြားခဲ့သည်။
ထိုသို့ ကွင်းဆင်းကြည့်ရှူစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးရဲနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးထင်လင်းအောင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေး ကြည့်ရှူခဲ့ကြောင်း သိရသည်။
မွန်မလေး
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment