ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်မှာ မြန်မာစကား မပြောတတ်တဲ့ ဘင်္ဂါလီများ ရောက်ရှိနေပါတယ်။ အိမ်ခြံမြေများကို ဈေးကြီးပေးပြီး လိုက်လံဝယ်ယူလျက်ရှိပါတယ်။
တာဝန်ရှိသူများအနေနဲ့ ဧည့်စာရင်းစစ်ဆေးဆောင်ရွက်ပေးစေလိုပါတယ်။ တရားမဝင် ဝင်ရောက်လာသူများကိုလည်း စိစစ်အရေးယူဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။
တာဝန်ရှိသူများအနေဖြင့် လာဘ်လာဘကိုသာ မျှော်ကိုး၍ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း မရှိပါက ရပ်ကွက်နေပြည်သူများကြားတွင် မလိုလားအပ်သော ပြဿနာများ ပေါ်ပေါက်လာမည်ကို စိုးရိမ်မိပါသည်။
တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူထားသည့် ကာလ ဧည့်စာရင်းဥပဒေကို ပြန်လည်အသက်သွင်း ဆောင်ရွက်ခဲ့သော်လည်း ရပ်ကွက်အတွင်း ဧည့်စာရင်းစစ်ဆေးဆောင်ရွက်ခြင်းမျိုးလည်း မရှိခဲ့ပါ။ ပြည်သူများမှာ အကြမ်းဖက်ဘေးအန္တရာယ်အတွက်လည်း စိုးရိမ်ရ၊ ဘင်္ဂါလီများ ရောက်ရှိလာခြင်းသည် တရားဝင်လား၊ တရားမဝင်လား မသိရပါ။ တာဝန်ရှိသူများက ဥပဒေစိုးမိုးရေးကို အမှန်တကယ် အလေးထား လုပ်ဆောင်လျင် ပြည်သူများအနေဖြင့် စိုးရိမ်ရန် မရှိပါ။ ရပ်ကွက်နေပြည်သူ တစ်ဦးအနေဖြင့် မြန်မာစကားမပြောတတ်သည့် ဘင်္ဂါလီများ ရောက်ရှိနေမှု၊ အိမ်ခြံမြေများ ဝယ်ယူနေမှုအပေါ် များစွာ စိုးရိမ်မိပါသည်။
ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၊ သီတာနွယ် ၁၊၂၊၃၊၄၊၅ လမ်းများမှာ မြန်မာစကားမပြောတတ်သည့် ဘင်္ဂါလီများ ရောက်ရှိနေပြီး ရပ်ကွက်ထဲတွင် အိမ်ခြံမြေများ ဝယ်ယူနေမှုသည် တရားဝင်/ မဝင် စိစစ် ဆောင်ရွက်ပေးနိုင်ပါရန် တာဝန်ရှိသူများကို အနူးအညွတ် မေတ္တာရပ်ခံလိုပါတယ်။
ရပ်ကွက်နေပြည်သူတစ်ဦး
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment