ကွန်ပျူတာတက္ကသိုလ်(ပင်လုံ)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွန်ပျူတာတက္ကသိုလ်(ပင်လုံ)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ





လွိုင်လင်  ၊ ဩဂုတ် ၂၀


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လွိုင်လင်ခရိုင်ရုံးနှင့် ကွန်ပျူတာတက္ကသိုလ် (ပင်လုံ)တို့ ပူးပေါင်း၍ လူငယ်နှင့်အွန်လိုင်းဂိမ်းအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ်ခန်းမတွင် ပြုလုပ်ပါသည်။


အသိပညာပေးဟောပြောပွဲတွင်  ဦးစွာ လွိုင်လင်မြို့နယ် ရဲတပ်ဖွဲ့မြို့မရဲစခန်းမှူး ဒုရဲမှူးသန်းစိုးက  သတင်းတုသတင်းမှားများအကြောင်းကိုလည်းကောင်း၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်လှိုင်းဝေက ခင်ပွန်းကြီးဆယ်ပါးအကြောင်းကိုလည်းကောင်း၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးမော်ကလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သိန်းသန်းဌေးက လူငယ်နှင့် အွန်လိုင်းဂိမ်းအန္တရာယ်အကောင်းကိုလည်းကောင်း အသီးသီး အသိပညာပေးဟောပြောကြသည်။


အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ကွန်ပျူတာတက္ကသိုလ်(ပင်လုံ) ဒုတိယပါမောက္ခချုပ် ဒေါက်တာမြင့်မြင့်ခိုင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများစုစုပေါင်း(၂၀၀)ဦး တက်ရောက်ကြသည်။


လွိုင်လင်မိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)