ဘားအံမြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ပြည်နယ်အဆင့် အထူးနည်းပြသင်တန်း ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘားအံမြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ပြည်နယ်အဆင့် အထူးနည်းပြသင်တန်း ဖွင့်လှစ်

 




ဘားအံ  ၊ ဩဂုတ် ၂၀   


ကရင်ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ပြည်နယ်အဆင့် အထူးနည်းပြသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။


ဦးစွာ ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အဖွင့်အမှာစကား ပြောကြားပြီး တက်ရောက်လာသူများနှင့်အတူ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းဆိုင်ရာပညာပေး Video Clip များကို ကြည့်ရှုခဲ့ကြကာ ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မြင့်က သန်းခေါင်စာရင်းဆိုင်ရာများအား ရှင်းလင်းတင်ပြသည်။


ထို့နောက် ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းများအတွက် ထောက်ပံ့ငွေကျပ် ၁၄၀သိန်းနှင့် သန်းခေါင်စာရင်းဆိုင်ရာအထောက်အကူပြုပစ္စည်းများကို တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ကာ တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြသည်။


ယနေ့ဖွင့်လှစ်သည့် ပြည်နယ်အဆင့် အထူးနည်းပြသင်တန်းကို ဩဂုတ်လ ၁၉ ရက်နေ့မှ ၃၀ ရက်နေ့ထိ ဘားအံတက္ကသိုလ်၊ ပင်မဆောင်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ခရိုင်အဆင့်နည်းပြသင်တန်းကို စက်တင်ဘာလ ၃ ရက်နေ့မှ ၁၄ ရက်နေ့ထိလည်းကောင်း၊ မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းများကို စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၉ ရက်နေ့ထိလည်းကောင်း၊ သက်ဆိုင်ရာသင်တန်းခန်းမများတွင် ဖွင့်လှစ်သွားမည်ဖြစ်ကာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရီးစရိတ်၊ တည်းခိုစရိတ်၊ ကျွေးမွေးစရိတ်၊ နေ့တွက်စရိတ်များကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းနှင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း သင်တန်းထောက်ပံ့ကြေးများကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


သင်တန်းဖွင့်ပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ခင်းကျင်းပြသထားသည့် လူထုအသိပညာပေးလှုံ့ဆော်ရေး Billboard စိုက်ထူပွဲအခမ်းအနား မှတ်တမ်ဓာတ်ပုံများ၊ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံတက္ကသိုလ် ပင်မဆောင်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ပြည်နယ်အဆင့်အထူးနည်းပြသင်တန်း ဖွင့်လှစ်နေမှုနှင့် စားသောက်ခန်းမတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)