တောင်ကြီးမြို့တွင် စစ်ရှောင်ပြည်သူများပြားလာပြီး စက်သုံးဆီလိုအပ်ချက် မြင့်တက်နေဟုဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ကြီးမြို့တွင် စစ်ရှောင်ပြည်သူများပြားလာပြီး စက်သုံးဆီလိုအပ်ချက် မြင့်တက်နေဟုဆို




တောင်ကြီး၊ သြဂုတ် ၁၂

တောင်ကြီးမြို့တွင် စက်သုံးဆီဆိုင်တချို့ ဆီပြတ်လပ်နေပြီး စစ်ရှောင်ပြည်သူများပြားလာသည်နှင့်အမျှ စက်သုံးဆီ လိုအပ်ချက် မြင့်တက်လာကြောင်း ဒေသခံတစ်ဦး က ပြောသည်။

ဒေသခံက "တချို့ဆိုင်ကြီးတွေက ပုံမှန်ရောင်းချပေးပါတယ်။ တချို့ဆိုင်တွေကတော့ ခဏတဖြုတ်ရောင်းပြီး ဆိုင်ပိတ်သွားတာမျိုးတွေလည်း ရှိတယ်။ တချို့ ဆီတိုးပြီး သိုလှောင်တယ်။ ပြန်ရောင်းတယ်။ ဈေးကောင်းရနေတော့ လုပ်ကြတာပေါ့။ အခု တောင်ကြီးမှာ စစ်ရှောင်ပြည်သူက အရမ်းများလာပြီ။ တာဝန်ရှိသူတွေအနေနဲ့ လိုအပ်ချက် ပြည့်မီအောင် မှာယူရောင်းချပေးနေမယ်ဆိုရင် တန်းစီစရာလည်း မလိုဘူး။ ဆီတိုးပြီး သိုလှောင်ရောင်းလို့လည်း မရတော့ဘူး။ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အခြေအနေမျိုးဖြစ်အောင် စီစဉ်ဆောင်ရွက်ပေးသင့်ပါတယ်" ဟု ပြောသည်။ 

ရှမ်းမြောက် မှ စစ်ရှောင်ပြည်သူအများစုသည် တောင်ကြီးမြို့သို့ ပြောင်းရွှေ့နေကြရခြင်း ဖြစ်သည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)