ကလော၊ ဩဂုတ် ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် ယနေ့နံနက် ၆ နာရီက ကလောချောင်းရေလျှံမှုဖြစ်ပွားကြောင်း သိရသည်။
မိုးအဆက်မပြတ်ရွာသွန်းပြီး ကလောချောင်းရေလျှံမှုကြောင့် ကလောမြို့ပေါ်ရှိ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက် ချောင်းဘေးတို့တွင်နေထိုင်သည့် ဒေသခံပြည်သူများ၏နေအိမ်များနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်းထဲတို့တွင် ချောင်းရေများဝင်ရောက်လျက်ရှိကြောင်း၊ ကလောစျေးရောင်းချသည့်နေရာတွင်လည်း ချောင်းရေလျှံသည့်အတွက် ကလောစျေးနေ့ဖြစ်သောကြောင့် စျေးသည်၊ စျေးဝယ်များ အခက်အခဲမဖြစ်စေရေး စျေးသည်များအား တာဝန်ရှိသူများက စျေးရောင်းရမည့်နေရာများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ကလောချောင်းရေလျှံခြင်းသည် မိုးအဆက်မပြတ်ရွာသွန်းပြီး ကလောမြို့၏အပေါ်ဘက်မှ တောင်ကျရေများစီးဆင်းမှုကြောင့် ချောင်းရေလျှံမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment