ဘီးလင်း၊ သြဂုတ် ၂၄
မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် Mpox(မျောက်ကျောက်)ရောဂါအကြောင်း အသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက်ပိုင်းက ဘီးလင်းမြို့ မင်္ဂလာစျေးအတွင်းရှိ စျေးခေါင်းရုံး၌ ကျင်းပပြုလုပ် ခဲ့သည်။
ဟောပြောပွဲတွင် ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းက Mpox (မျောက်ကျောက်) ရောဂါကို ၂၀၂၄ ခုနှစ် သြဂုတ် (၁၄) ရက်နေ့တွင် နိုင်ငံတကာ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပြီး မိမိနိုင်ငံ မိမိမြို့နယ်အတွင်း ကူးစက်ပြန့်ပွားမှုမရှိစေရန် ကာကွယ်နိုင်မည့် နည်းလမ်း (၉) မျိုးနှင့် ရောဂါကူးစက်နိုင်သည့် နည်းလမ်း (၈) မျိုးတို့ကို စျေးသူ၊ စျေးသားများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက လူစည်ကားရာ မင်္ဂလာစျေးအရှေ့သို့ သွားရောက်၍ Mpox (မျောက်ကျောက်) ရောဂါအကြောင်း Hand speaker ဖြင့် အသိပေးနှိုးဆော်ခြင်း၊ ဗီနိုင်းပိုစတာများစိုက်ထူခြင်း၊ Mpox(မျောက်ကျောက်) ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး မြို့ပေါ်ရပ်ကွက်များအတွင်း ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ အသံချဲ့စက်ဖြင့် မျောက်ကျောက်ရောဂါ အသိပေးနှိုးဆော်ခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment