နေပြည်တော်၊ ဩဂုတ် ၁၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ၁၅-၈-၂၀၂၄ ရက်နေ့က ဒုတိယဝန်ကြီးဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ချိုင်းကျေးရွာရှိ New Asia Hi-Tech Seeds ကုမ္ပဏီသို့ သွားရောက်၍ ဧရာမင်း၊ ဆင်းသုခ၊ နှံကောက်ထွန်း၊ နယူးဧရာ စပါးသီးနှံ မျိုးစေ့ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တာဝန်ရှိသူများနှင့်တွေ့ဆုံရာ ကုမ္ပဏီတာဝန်ခံ ကရက် ၉၀ စပါးမျိုးများ ဖြစ်သော ဧရာမင်း၊ ဆင်းသုခ၊ နှံကောက်ထွန်း၊ နယူးဧရာ စပါးစပ်မျိုးများ၏ မျိုးစေ့ထုတ်လုပ်ပုံအဆင့်ဆင့်နှင့် ကုမ္ပဏီကိုယ်တိုင်စိုက်ပျိုးထားမှု၊ ကန်ထရိုက်လယ်ယာစနစ်ဖြင့် စိုက်ပျိုးထားမှုနှင့် အကျိုးတူပူးတွဲစိုက်ပျိုးထားမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
တင်ပြမှုများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ကုမ္ပဏီမှ ထုတ်လုပ်သည့် စပါးမျိုးများအနေဖြင့် အထွက်နှုန်း ကောင်းမွန်စေရေး၊ ဈေးကွက်ဝင် အဆင့်မီဖြစ်စေရေး၊ စားသုံးမှုအရသာကောင်းမွန် စေရေး၊ စိုက်ပျိုးသည့် တောင်သူများ ဝင်ငွေတွက်ခြေကိုက်မှုရှိစေရေးစသည့် အရည်အသွေးပြည့်မီ သော စပါးမျိုးများဖြစ်အောင် ထုတ်လုပ်ရန်၊ သုတေသနလုပ်ငန်းများနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ စိုက်ပျိုးရေး အောင်မြင်ရန် လိုက်နာရမည့် မျိုးကောင်းမျိုးသန့် ရရှိရေး၊ မြေယာစနစ်တကျ ပြုပြင်ရေး၊ စိုက်ပျိုးရေရရှိရေး၊ နည်း ပညာရရှိရေးစသည့် အချက်လေးချက်ကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက် နိုင်ရေးနှင့် မိရိုးဖလာစိုက်ပျိုးစနစ်ထက် စက်မှုလယ်ယာစနစ် တွင်ကျယ်စွာ အသုံးပြုလာစေရေး တို့အတွက် တာဝန်ရှိသူများက အသိပညာပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကုမ္ပဏီပိုင်မြေ ၆၅ ဧကတွင် ပျိုးထောင်စနစ်ဖြင့် နှံကောက်ထွန်းစပါးမျိုးများ စိုက်ပျိုးထားမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment