၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တောင်ကြီးတက္ကသိုလ်၊ တက္ကသိုလ်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အထူးပြုဘာသာရပ်ပေါင်းစုံ သွေးလှူဒါန်းပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တောင်ကြီးတက္ကသိုလ်၊ တက္ကသိုလ်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အထူးပြုဘာသာရပ်ပေါင်းစုံ သွေးလှူဒါန်းပွဲကျင်းပ




တောင်ကြီး၊ ဩဂုတ် ၁၇

“သင့်သွေးဖြင့် အသက်ကယ်ပါ” ဆောင်ပုဒ်နှင့်အညီ လူ့အသက်များကို ကယ်တင်နိုင်ရန်အတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တောင်ကြီးတက္ကသိုလ်၊ တက္ကသိုလ်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အထူးပြု ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများ၏ သွေးလှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက တောင်ကြီးတက္ကသိုလ်၊ ကျိုင်းတုံခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က အဖွင့်အမှာစကားပြောကြားရာ သွေးလှူဒါန်းခြင်းသည် လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်သည့် မွန်မြတ်သော အလှူဒါနတစ်ခုဖြစ်ကြောင်း၊ သွေးလှူဒါန်းခြင်းသည် သွေးလိုအပ်သော အခြားသူတစ်ယောက်အား ကူညီပေးရုံမက လှူဒါန်းသည့် သွေးအလှူရှင်များအတွက် ကိုယ်ခန္ဓာကျန်းမာရေး အကျိုးကျေးဇူးများလည်း ရရှိနိုင်သည့်အပြင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ အထောက်အကူပြုကြောင်း ပြောကြားပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့က ပေးအပ်သည့် ထောက်ပံ့ချီးမြှင့်ငွေ ကျပ်သိန်းနှစ်ဆယ်ကို ပေးအပ်လှူဒါန်းသည်။

ထို့နောက် စေတနာရှင်အလှူရှင်များက အလှူငွေများနှင့် အာဟာရဖြည့်စွက်စာ စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းကြရာ တောင်ကြီးတက္ကသိုလ် ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာခင်မော်မော်က လက်ခံရယူသည်။ ယင်းနောက် တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကေသီတင်က သွေးလှူဒါန်းပွဲကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး စဝ်စံထွန်းဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ တက္ကသိုလ်ဆေးရုံ၊ အင်းလေးဆောင်တွင် သွေးလှူဒါန်းပွဲကို ကျင်းပရာ ပြည်နယ်စီးပွား ရေးရာဝန်ကြီးနှင့်အဖွဲ့က သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး သွေးလှူရှင်များအား အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ပြီး အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။ တောင်ကြီးတက္ကသိုလ်၊ တက္ကသိုလ်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အထူးပြုဘာသာရပ်ပေါင်းစုံ သွေးလှူဒါန်းပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၂၁၈) ဦးက စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။


စိုင်းထွန်း (လားရှိုး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)