လားရှိုး၊ သြဂုတ် ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ပေါ်တွင် ခြေကုတ်ယူထားသော MNDAA အကြမ်းဖက်အဖွဲ့ကို တပ်မတော်က နှိမ်နင်းဆောင်ရွက်မှုများ လုပ်ဆောင်နေသဖြင့် တိမ်းရှောင်နေကြသည့် လားရှိုးမြို့မှ ပြည်သူများအနေဖြင့် မပြန်ကြရန် ကိုဇော်ဘုန်းဟိန်း က သတိပေး ပြောဆိုထားသည်။
ယမန်နေ့ (၂၃-၈-၂၀၂၄) ရက်နေ့ ညပိုင်းက MNDAA အကြမ်းဖက်အဖွဲ့ကို တပ်မတော်မှ သွားရောက် နှိမ်နင်းဆောင်ရွက်ခဲ့ပြီး အကြမ်းဖက်သမားများ ထိခိုက်သေဆုံးမှု များပြားသည်ဟု သိရကြောင်း၊ မြို့မှ တိမ်းရှောင်နေကြသည့် ပြည်သူများ မပြန်သင့်သေးသည့် အချိန်ဖြစ်ကြောင်း ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန် သတိပေး ကိုဇော်ဘုန်းဟိန်း က ရုပ်သံထုတ်လွှင့် ပြောဆိုထားသည်။
ကိုဇော်ဘုန်းဟိန်း ၏ သတိပေး ပြောဆိုမှုတွင် ဗုံးတစ်လုံးတည်းသာ ချပေးခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုထားသော်လည်း မြန်မာနေရှင်နယ်ပို့စ်ထံ ဆက်သွယ် သတင်းပေးပို့သူတစ်ဦးက "လားရှိုး ည ၂၀ ၃၀ အချိန်ကစပြီး တိုက်လေယာဉ်ငါးစီး ပျံဝဲနေပြီး ကင်းထောက်လေယာဉ်များ ပျံဝဲနေပြီ။ လားရှိုး ကို ဗုံးစကြဲ နေပါပြီ။" ဟု ဆက်သွယ်ပြောဆိုထားသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment