မှော်ဘီ ၊ ဩဂုတ် ၁၈
ကျောင်းသား ကျောင်းသူလူငယ်များကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ဘောဂဟူ သောဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့်အနာဂတ်တွင် ထူးချွန်ထက်မြက်သည့် လူငယ် များပေါ်ထွန်းလာစေရန်ရည်ရွယ် ၍ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊အ.ထ.က(မင်းရွာ)တို့ပူးပေါင်းကျင်းပ သောလူငယ်စကားဝိုင်းဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီခရိုင်၊မှော်ဘီမြို့နယ်၊အ.ထ.က (မင်းရွာ)ခန်းမ၌ ယမန်နေ့နံနက် ၁၀နာရီအချိန်ကကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာအ.ထ.က(မင်းရွာ)ကျောင်း အုပ်ဆရာမကြီးဒေါ်နွယ်နီအေးကအဖွင့်အမှာစကားပြောကြားခဲ့ပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာနဦးစီးအရာရှိဦးစန်းဝင်းကလူငယ်စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များဖြစ်သောလူငယ် များ ကာယ၊ ဉာဏ၊ စာရိ တ္တ၊ မိတ္တ၊ ဘောဂ ဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊လူငယ်များပြင်ပဗဟုသုတများရရှိစေပြီး အနာဂတ်တွင်ထူးချွန်ထက်မြက်သော လူရည်ချွန်များဖြစ်ထွန်းလာစေရန် ၊ဆွေးနွေးပွဲများ၌ ဝိုင်းဖွဲ့ဦးဆောင်ဆွေး နွေးတတ်သည့် အလေ့အထများပူးပေါင်းပါဝင်ဆောင် ရွက်တတ်စေရန်နှင့် စဉ်းစားတွေးခေါ်နိုင်မှု စွမ်းရည်များ ရင့်သန်လာစေပြီး အ ကောင်း အဆိုးအမှားအမှန်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ချင့်ချိန်၍ ဆုံးဖြတ်ချက်များ ချမှတ်နိုင်စေရန်၊ စသည့်ရည်ရွယ် ချက်များအားရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ မှော်ဘီမြို့နယ် Book Club အဖွဲ့ အတွင်းရေးမှူး စာရေးဆရာဝင်းနွယ်(ပုသိမ်)နှင့်အ.ထ.က(မင်းရွာ)
ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နီအေးတို့က ဦးဆောင်ဆွေးနွေးသူများအဖြစ်လည်းကောင်း၊ အ.ထ.က(မင်းရွာ) မှ ကျောင်းသား/သူ(၄)ဦးတို့က လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်၊မူးယစ်ဆေးဝါး၊ လူငယ်နှင့်အားကစား၊လူငယ်နှင့်ကျန်း မာရေးခေါင်းစဥ်များဖြင့်အသီးသီးဆွေး နွေးခဲ့ကြပြီးတက်ရောက်လာသောကျောင်းသား/သူများက ခေါင်းစဥ်အ
လိုက်သိရှိလိုသည့် မေးခွန်းများမေးမြန်း
မှုအား ပြန်လည်ဖြေကြားကာ မှော်ဘီ မြို့နယ် Book Club အဖွဲ့အတွင်းရေး
မှူး စာရေးဆရာဝင်းနွယ်(ပုသိမ်)က
ဆွေးနွေးမှုများအား ပြန်လည်ခြုံငုံသုံး
သပ်ဆွေးနွေးခဲ့သည်။
ထို့နောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကပြသထားသောအသိပညာပေးနံရံကပ်စာစောင်များ၊သုတ၊ရသစာအုပ်စာစောင်များကိုတက်ရောက်လာသူများကစိတ်ပါဝင်စားစွာကြည့်ရှုကြကြောင်းသိရသည်။
ဝင်းဇော်
https://t.me/MyanmarNationalPost
No comments:
Post a Comment