ရွှေတောင် ၊ သြဂုတ် ၁၇
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်တွင် ၂၀၂၄-ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ( ၂၈) မြို့နယ်နှင့် တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များ၊ အသက် ( ၁၈) နှစ်အောက်နှင့် အသက် ( ၂၀) နှစ်အောက် အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် ပြည်ခရိုင် ကိုယ်စားပြု ရွှေတောင်မြို့နယ်မှဆုရ ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့ နေ့လယ်ပိုင်းက ဂုဏ်ပြုကြိုဆိုပွဲ ကျင်းပခဲ့သည်။
အဆိုပါ ကြိုဆိုပွဲသို့ ခရိုင်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ၊ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ရွှေတောင် အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ၊ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ ၊မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ ၊ ကျောင်းအုပ်ဆရာကြီး ၊ဆရာမကြီး များ၊ဆရာ/ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူများက ကြိုဆိုခဲ့ကြသည်။
ရွှေတောင် မြို့နယ်မှ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု (၁၀) ဆု၊ ငွေတံဆိပ်ဆု (၆) ဆုနှင့် ကြေး တံဆိပ်ဆု (၁) ဆု၊ အမျိုးသားတံခွန်စိုက်ဖလားနှင့် အမျိုးသမီးတံခွန်စိုက် ဒုတိယဆု ရရှိခဲ့သည့် ကျောင်းသား၊ကျောင်းသူများအား ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးသိန်းအောင်မှ ဂုဏ်ပြုချီးမြှင့်စကားပြောကြား၍ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်က ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် ဆုရကျောင်းသား၊ကျောင်းသူများ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment