ရွှေတောင် ၊ သြဂုတ် - ၁၈
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အလက( ချည်မျှင်) ကျောင်းတွင် မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကာကွယ်တားဆီးရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် လက်ထောက်ပညာရေးမှူး ဦးခင်ဇော်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ရွှေတောင်မြို့မရဲစခန်း စခန်းမှူး ဒု-ရဲမှူး ကျော်မိုးနိုင်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်အကြောင်းနှင့်မှုခင်းကျဆင်းရေးဆိုင်ရာကိစ္စရပ်များ
အကြောင်းကိုရှင်းလင်း ဆွေးနွေးဟောပြောခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ကျောင်းသား ၊ကျောင်းသူ ( ၈၁) ဦးခန့်တက်ရောက်၍ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ သိရှိထားသင့်သည့် အသိပညာ ဗဟုသုတ ရရှိရေးအတွက်ပြန်လည်မေးမြန်းခဲ့ကြကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment