မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တောင်တွင်းကြီးမြို့နယ် ငှက်ပစ်တောင်ကျောင်းတိုက်ရှိ သွေးသန့်စင်စင်တာဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တောင်တွင်းကြီးမြို့နယ် ငှက်ပစ်တောင်ကျောင်းတိုက်ရှိ သွေးသန့်စင်စင်တာဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

 




တောင်တွင်းကြီး  ၊ သြဂုတ်  ၁၈


မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် သီရီပျံချီဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် တောင်တွင်းကြီးမြို့နယ် ငှက်ပစ်တောင်ကျောင်းတိုက် သွေးသန့်စင်စင်တာဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။


ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင်က ငှက်ပစ်တောင်ကျောက်ကပ်သွေးသန့်စင် စင်တာဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ကျောက်ကပ်သွေးသန့်စင်စင်တာအတွင်း ဆေးကုသမှုခံယူနေသည့် လူနာများအား လှည့်လည်ကြည့်ရှု့ကာ အားပေးစကားများ ပြောကြားပြီး မကွေးတိုင်းဒေသကြီးကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းက ငှက်ပစ်တောင်ကျောက်ကပ်သွေးသန့်စင်စင်တာနှင့်ပတ်သတ်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။


ထိုနောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ငှက်ပစ်တောင်ကျောင်းတိုက်အတွင်းရှိ ဘိုးဘွားရိပ်သာသို့ ရောက်ရှိပြီး သက်ကြီးဘိုးဘွားများအား အားပေးစကား ပြောကြားခဲ့ကာ အလှူငွေများလက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


ယနေ့ဖွင့်လှစ်သည့် ငှက်ပစ်တောင်ကျောက်ကပ်သွေးသန့်စင်စင်တာ ဆောက်လုပ်မည့် အလျား(၁၅၅)ပေ၊ အနံ(၁၂၀)ပေရှိ မြေနေရာအား မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့အကျိုးတော်ဆောင် ငှက်ပစ်တောင်ဆရာတော်ဘုရားကြီးက လှူဒါန်းခြင်းဖြစ်ပြီး အလျား(၄၇)ပေ၊ အနံ(၄၀)ပေ၊ အမြင့်(၁၃)ပေရှိ ကွန်ကရစ်အဆောက်အဦကို ကျပ်သိန်းပေါင်း(၉၀၀)ဖြင့်လည်းကောင်း၊ တစ်လုံးလျှင် ကျပ်သိန်း(၃၅၀)တန်ဖိုးရှိ သွေးသန့်စင်စက်(၅)လုံး၊ ကျပ်သိန်းပေါင်း (၅၆၀)တန်ဖိုးရှိ ရေသန့်စက်၊ ကျပ်သိန်း(၉၀၀)တန်ဖိုးရှိ သွေးသန့်စင်မည့် ဆေးဝါးများကို စေတနာရှင်၊ အလှူရှင်(၇၀၀)ဦးခန့်က စုပေါင်းလှူဒါန်းခဲ့ခြင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က 11 KV ဓါတ်အားလိုင်း ပေ(၂၀၀)နှင့် (200)KV ထရန်စဖော်မာ(၁)လုံး ငွေကျပ်အားဖြင့် (၇၉.၁)သန်းကို ထောက်ပံ့ကူညီပေးခဲ့ကြောင်း သိရသည်။


နောင်နောင် (ဗိဿနိုးမြေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)