ရှမ်းပြည်နယ်(အရှေ့ပိုင်း)သန်းခေါင်စာရင်းကော်မတီလုပ်ငန်းဆိုင်ရာ တွေ့ဆုံရှင်းလင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်(အရှေ့ပိုင်း)သန်းခေါင်စာရင်းကော်မတီလုပ်ငန်းဆိုင်ရာ တွေ့ဆုံရှင်းလင်းပွဲကျင်းပ



ကျိုင်းတုံ ၊  ဩဂုတ် ၁၈


၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ သန်းခေါင်းစာရင်းကော်မတီလုပ်ငန်းဆိုင်ရာ တွေ့ဆုံရှင်းလင်းပွဲအား ယမန်နေ့နံနက် ၁၀ နာရီက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး(ကျိုင်းတုံမြို့)၌ ကျင်းပသည်။


တွေ့ဆုံရှင်းလင်းပွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ (ကိုယ်စား) ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)အဖွဲ့ဝင်-၃ ဦးလုကာက အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မြတ်သာက ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကော်မတီအသီးသီး၏ ဆောင်ရွက်ရန်ကိစ္စရပ်များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။


ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်/ခရိုင်/မြို့နယ်သန်းခေါင်းစာရင်ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် မြေပြင်ကွင်းဆင်းကောက်ယူရေးဆိုင်ရာကိစ္စရပ်များနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးရာ တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။


အောင်ဇင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)