ရွှေတောင် ၊ သြဂုတ် -၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ( အမက) ကသစ်တိုင်းကျောင်း နှင့် အမက တောင်လုံးညို ကျောင်းတို့တွင် ယမန်နေ့ က ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာန၊စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့် စာကြည့်တိုက်၊ နံရံကပ်စာစောင်နှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
အခမ်းအနားတွင် အမက ကသစ်တိုင်းကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့ခိုင်ဝင်း နှင့် အမက တောင်လုံးညိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သဲစုမောင်တို့က အဖွင့်အမှာစကား ပြောကြားပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်ကကျောင်းသား/ ကျောင်းသူများအားဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ ဖြစ်စေရန်နှင့်လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုတားဆီးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာများအကြောင်း ရှင်းလင်းဟောပြောခဲ့ပြီးပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်တိုင်းရင်းဆေးကုသရေးဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့် က တိုင်းရင်းဆေးဝါးများ၏အကျိုးသက်ရောက်မှုနှင့် ဆောင်ရန်၊ ရှောင်ရန် အချက်များ၊
မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုတ်ကွေးရောဂါအကြောင်းနှင့် နဂါး မောက်သီးနှင့် မာလကာသီးစားသုံးခြင်း၏ အကျိုး ကျေးဇူးများကို ရှင်းလင်းပြောကြားပြီးစားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ယဥ်ယဥ်ဆင့် နှင့် ဒေါ်ဇင်မာချောစုကြည်တို့က ဆိုးဆေးများအကြောင်း၊ စားသုံးသူနှင့်ပတ်သက်သော ကုန်အညွှန်းအမှတ်အသား (၈)ချက်နှင့် ဆောင်ရန်ရှောင်ရန် အသိပညာပေးသိကောင်းစရာအကြောင်း၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများအား ကိုယ်လက်လှုပ်ရှား Icebreaking ပြုလုပ်ပေးပြီး ဒေါ်ရွှေဝတ်ရည်တိုး က "တိရစ္ဆာန်ဥယျာဥ်သို့အလည်သွားခြင်း"စက္ကူပြဇာတ်နှင့် "မောင်ကြွက်က လေးကြီးလာရင်ဘာလုပ်မလဲ" ရုပ်ပုံပါစာအုပ်များဖြင့် ပုံပြင်များ အသီးသီးပြောပြခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့် ရွေ့လျားစာကြည့်တိုက်အဖြစ် ယူဆောင်လာသော စာအုပ်စာစောင်များကို
ကျောင်းသား၊ ကျောင်းသူလေးများကဖတ်ရှုကြပြီး လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေး နံရံကပ် စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်၊ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ကျောင်းသူ များမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment