ကော့သောင်း ၊ ဩဂုတ် ၁၃
ကော့သောင်းမြို့တွင် ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ မိုးရာသီအမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကော့သောင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် (၁၀)နာရီခန့်က ပြုလုပ်ခဲ့ရာ ကော့သောင်းခရိုင် ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က "ရပ်ကွက်/ကျေးရွာပေါင်းစုံ မိုးရာသီအမျိုးသားဘောလုံးအားကစားပြိုင်ပွဲကို အားကစားစိတ်ဓာတ်ရှင်သန်လာကြစေရန်၊ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုဘဝ ဖြစ်လာစေရန်နှင့် နိုင်ငံအတွက် အလေးထားရသော အားကစားသမားကောင်းများ ဖြစ်လာစေရန်တို့ကို ရည်ရွယ်၍ အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ကော်မတီအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာမှ တာဝန်ရှိသူများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် "အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြတ်မင်းထွေးက ပြိုင်ပွဲကာလအတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုက ရပ်ကွက်/ကျေးရွာပေါင်းစုံ မိုးရာသီအမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ကျင်းပဆောင်ရွက်မည့် လုပ်ငန်းအစီအမံများအား ဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် ကော့သောင်းမြို့နယ် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမင်းလွင်က ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ မိုးရာသီအလွတ်တန်းဘောလုံးပြိုင်ပွဲ အထွေထွေစည်းမျဉ်း/စည်းကမ်းများအား ချပြဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းဆပ်ကော်မတီအဖွဲ့ဝင်များ သက်ဆိုင်ရာ လုပ်ငန်းအသီးသီးအား တင်ပြဆွေးနွေးခဲ့ကြသည်။
အဆိုပါ ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ မိုးရာသီ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲကို ရန်ကြီးအောင် ဘောလုံးအားကစားကွင်းတွင် ဩဂုတ်လ (၂၃) ရက်နေ့၌ ဖွင့်ပွဲအခမ်းအနားပြုလုပ်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment