ချမ်းအေးသာစံမြို့၊ တောင်ကြီးမြို့နှင့် ရွှေညောင်မြို့နယ်တို့တွင် ငွေကျပ် ၂,၃၇၉ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ချမ်းအေးသာစံမြို့၊ တောင်ကြီးမြို့နှင့် ရွှေညောင်မြို့နယ်တို့တွင် ငွေကျပ် ၂,၃၇၉ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ


နေပြည်တော်၊ ဩဂုတ် ၂၁

ချမ်းအေးသာစံမြို့၊ တောင်ကြီးမြို့နှင့် ရွှေညောင်မြို့နယ်တို့တွင် ငွေကျပ် ၂,၃၇၉ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၈ ရက် ညနေ ၆ နာရီခွဲတွင် ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်ရှိ သန်းထွန်းအောင်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၂,၇၀၅ ပြားနှင့် စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water သုည ဒသမ ၁၂၆ ကီလို၊ ကက်တမင်း သုည ဒသမ ၀၂ ကီလို၊ အိုက်စ် သုည ဒသမ ၁၃၅ ကီလို ကိုလည်းကောင်း၊ ထို့ပြင်ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၉ ရက် ညနေ ၆ နာရီခွဲတွင် တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်လေးလုံးကျေးရွာအုပ်စု၊ တောင်လေးလုံးကျေးရွာအနီးတွင် ဇော်ဦး(ခ)သက်ဟိန်း မောင်းနှင်လာသည့် TOYOTA CALDINA အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း ၇ ဒသမ ၄ ကီလို၊ Happy Water ၁ ဒသမ ၄၉ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အားမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)