မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်တို့ကိုအခြေခံ၍ နိုင်ငံတော်က ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စေရန် ပူးပေါင်းဆောင်ရွက်ကြဖို့ တိုင်းရင်းသားရေးရာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်တို့ကိုအခြေခံ၍ နိုင်ငံတော်က ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စေရန် ပူးပေါင်းဆောင်ရွက်ကြဖို့ တိုင်းရင်းသားရေးရာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ပြောကြား


ရန်ကုန်၊ ဩဂုတ် ၂၁

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသား‌ရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့်အတူ ၁၉-၈-၂၀၂၄ ရက်နေ့က တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် ရန်ကုန်တိုင်းဒေသကြီးရှိ တိုင်းရင်းသားစာပေနှင့်ယဉ်‌ကျေးမှုအသင်းများ၊ ရခိုင်လူမှုရေးအသင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ကမ္ဘာ့ပထဝီနိုင်ငံရေး၊ မြန်မာ့ပထဝီနိုင်ငံရေး၊ လက်ရှိကမ္ဘာ့ပထဝီနိုင်ငံရေးများက မြန်မာနိုင်ငံအပေါ်သက်ရောက်မှုများ၊ အဆိုပါသက်ရောက်မှုအပေါ် တိုင်းရင်းသားများက စည်းလုံးညီညွတ်စွာဖြင့် အမျိုးသားအကျိုးစီးပွားကိုရှေးရှု၍ ဆောင်ရွက်သွားရန်၊ အောက်တိုဘာ ၁ ရက် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန်၊ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်တို့ကိုအခြေခံ၍ နိုင်ငံတော်က ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စေရန် ပူးပေါင်းဆောင်ရွက်နိုင်ကြရန်၊ အသင်းအဖွဲ့များ မှတ်ပုံတင်ရေးဥပဒေနှင့်အညီ မိမိတို့၏အသင်းအဖွဲ့များကို ပြန်လည်မှတ်ပုံတင်နိုင်ရေးတို့ကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးက တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တက်ရောက်လာသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများက တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်မှုအခြေအနေနှင့် လိုအပ်သည်များအား တင်ပြကြရာ ဒုတိယဝန်ကြီးက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် ထောက်ပံ့ငွေများပေးအပ်သည်။

ထို့နောက် ဒုတိယဝန်ကြီးက တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ တိုင်းရင်းသားများ၏ စာပေယဉ်ကျေးမှု၊ ဓလေ့ထုံးစံများထိန်းသိမ်းစောင့်ရှောက်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး စသည့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)