ရန်ကုန်၊ သြဂုတ် ၉
ဒဂုံတောင် (၂၅)ရပ်ကွက်၊ မြို့နယ်ပြည်ခိုင်ဖြိုးရုံးတွင် ယနေ့နံနက်ပိုင်းက နိကယ်ကျောင်းတိုက်မှ "သုတဗုဒ္ဓ၊ တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ တိပိဋကပါဠိပါရဂူ၊ ဓမ္မဘဏ္ဍာဂါရိက၊ မော်ကျွန်းဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ (မော်ကျွန်းဆရာတော်)" အမှူးပြုသော ဆရာတော်သံဃာတော်များကို ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီမှကော်မတီဝင် ဒေါ်စမ်းစမ်းဝင်း ၊ (ခရိုင်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ) မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဒေါ်စမ်းစမ်းဌေး ဦးစီး၍ ဝါဆိုသက်န်းဆက်ကပ်လှူဒါန်းပွဲအားကျင်းပပြုလုပ်ရာ နိကယ်ကျောင်းတိုက်မှ "သုတဗုဒ္ဓ၊ တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ တိပိဋကပါဠိပါရဂူ၊ ဓမ္မဘဏ္ဍာဂါရိက၊ မော်ကျွန်းဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ (မော်ကျွန်းဆရာတော်)" ပါ ဆရာတော် (၅)ပါးတို့မှ သီလပေးပြီး လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချအမျှပေးဝေပြီး သံဃာတော်များကို နေ့ဆွမ်း ကပ်လှူခဲ့ကြသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment