ဖျာပုံ ၊ သြဂုတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသော (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဥ်ပြိုင်နိုင်ရေး ခရိုင်အဆင့်ပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားကို ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် ဖျာပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ထားမောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းက (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဥ်ပြိုင်နိုင်ရေး ခရိုင်အဆင့်ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ဖျာပုံခရိုင်အတွင်းရှိ (ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေး)မြို့နယ်များမှ မြို့နယ်ကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များက ပြိုင်ပွဲဘာသာရပ်များအလိုက် ပါဝင်ယှဥ်ပြိုင်ကြရာ ပြိုင်ပွဲဝင် ကျား (၃၁)ဦး၊ မ (၈၇)ဦး၊ စုစုပေါင်း (၁၁၈)ဦး ပါဝင်ယှဥ်ပြိုင်ကြပြီး (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို (၂၅)ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment