ပျူခေတ်ဆိုင်ရာ အထောက်အထားအချက်အလက်ဆွေးနွေးပွဲ (ပျူအက္ခရာ နှင့်ပျူစာပေ) ဒုတိယနေ့ ဆက်လက်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပျူခေတ်ဆိုင်ရာ အထောက်အထားအချက်အလက်ဆွေးနွေးပွဲ (ပျူအက္ခရာ နှင့်ပျူစာပေ) ဒုတိယနေ့ ဆက်လက်ကျင်းပ



ရန်ကုန်၊ ဩဂုတ် ၈

မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကိုရေးသားပြုစုရန် ပျူခေတ်ဆိုင်ရာ အထောက်အထား အချက်အလက်ဆွေးနွေးပွဲ (ပျူအက္ခရာနှင့် ပျူစာပေ) ဒုတိယနေ့ကို ယမန်နေ့က ရန်ကုန်မြို့ပြည်လမ်းရှိ အမျိုးသားပြတိုက် (ရန်ကုန်) ၌ ဆက်လက်ကျင်းပသည်။

ဆွေးနွေးပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မြန်မာသမိုင်းအဖွဲ့ပညာရှင်ကြီးများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနတို့မှဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရှင်များ၊ ပျူခေတ်သုတေသနတူးဖော်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သူများ၊ ပျူယဉ်ကျေးမှုနှင့် ပျူခေတ်ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက အမှာစကားပြောကြားပြီး ပျူအက္ခရာနှင့်ပျူစာပေဆိုင်ရာ တွေ့ရှိချက်များနှင့်ပတ်သက်သည့် အထောက်အထားများ၊ သံခေတ်နှင့် ပျူခေတ်အရိုးနမူနာများမှ ကာဗွန်သက်တမ်းနှင့် DNA Sequencing ဆိုင်ရာ သုတေသနဆောင်ရွက်နေမှုအခြေအနေများ၊ ပျူဘာသာစကားရှိ အရေအတွက်နှင့် အစဉ်ဖော်ပြမှု စနစ်များအား ပညာရှင်များက ရှင်းလင်းဆွေးနွေးကြရာ ဆွေးနွေးချက်များအပေါ် ဒုတိယဝန်ကြီးက သုံးသပ်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကားပြောကြားသည်။

ပျူခေတ်ဆိုင်ရာ အထောက်အထား အချက်အလက်ဆွေးနွေးပွဲ၏ ကဏ္ဍတစ်ခုဖြစ်သော ပျူအက္ခရာနှင့် ပျူစာပေဆွေးနွေးပွဲကို နှစ်ရက်ကြာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)