ရန်ကုန်အနောက်ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ စာကြည့်တိုက်ပညာသင်တန်း (၂/၂၀၂၄) ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်အနောက်ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ စာကြည့်တိုက်ပညာသင်တန်း (၂/၂၀၂၄) ဖွင့်လှစ်





ရန်ကုန်  ၊ သြဂုတ်  ၂၂


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ ဝန်ထမ်းများဌာန၏ လုပ်ငန်းတာဝန်များကို နားလည်တတ်မြောက်စေရန်ရည်ရွယ်၍ စာကြည့်တိုက်ပညာသင်တန်းကို သြဂုတ်လ ၁၉ ရက်နေ့ နံနက် ၉ နာရီက ဖွင့်လှစ်သင်ကြားပို့ချခဲ့သည်။


ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်​ထောက်ညွှန်ကြားရေးမှူး ​ဒေါ်​အေးအေးခိုင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထိုသို့​ပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းစွမ်းဆောင်ရည်များ ပိုမိုတိုးတက်မြင့်မားလာစေရန်၊ ဌာန၏ လုပ်ငန်းတာဝန်များထဲမှ အဓိကလုပ်ငန်းဖြစ်သည့် စာကြည့်တိုက်ကဏ္ဍကိုသိရှိစေရန်၊ စာကြည့်တိုက်များ၏ အ​ရေးပါပုံကိုသိရှိပြီး ကိုယ်တိုင်လုပ်ကိုင်ဆောင်ရွက်နိုင်ကြစေရန် ၊စာကြည့်တိုက်လုပ်ငန်းများတွင် ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ကြရန် စသည့်ရည်ရွယ်ချက်များဖြင့် သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် သင်တန်းနည်းပြဆရာမများက သင်ကြားပေးမည့် ဘာသာရပ်များနှင့်ပတ်သက်၍ စာကြည့်တိုက်စီမံခန့်ခွဲ​ရေး၊ မျိုးတူစုခွဲခြားခြင်း၊ ိရည်ညွှန်းလုပ်ငန်း၊ ကတ်တလောက်လုပ်ငန်း၊ DLMS စနစ်ကိုအသုံးပြုပြီး စာအုပ်ငှားရမ်းခြင်း၊ အက္ခရာစဥ်နည်း စသည့်စာကြည့်တိုက်ပညာရပ်များကို ပို့ချပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲသည်။


အဆိုပါသင်တန်းသို့ ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်ရုံးများမှ သင်တန်းသား၊ သင်တန်းသူ(၂၄) ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ သြဂုတ်လ ၁၉ ရက်​နေ့မှ ၂၃ ရက်​နေ့အထိဖြစ်၍ စာတွေ့ လက်တွေ့ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ကြည်​ဇေ​သော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)