မိုင်းပန် ၊ ဩဂုတ် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ပြန်လည်ရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့မွန်းလွဲ ၂ နာရီက ဝိုးလိုင်းကျေးရွာအုပ်စု၊ တုံတစ်ကျေးရွာစာကြည့်တိုက်အား မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်လှိုင်မြတ်၊ အတွင်းရေးမှူး ဒေါ်အိရွှေစင်လတ်နှင့် အဖွဲ့ဝင်များတို့က ကျေးရွာစာကြည့်တိုက်အတွင်း သန့်ရှင်းရေးနှင့် ဘေးပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီဝင်များမှ ကျေးရွာစာကြည့်တိုက်များ ပြန်လည်ရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီ၊ တာဝန်ခံများထံသို့ စာအုပ်များပေးအပ်လှူဒါန်းပြီး ကျေးရွာနေပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုနိုင်စေရန် ဆောင်ရွက်လျက်ရှိကြောင်းနှင့် စာအုပ်စာစောင်များ မပျောက်ပျက်စေရေးအတွက် ဝိုင်းဝန်ဆောင်ရွက်သွားကြရန် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တာဝန်ခံများနှင့် အဖွဲ့ဝင်များက ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်လိုအပ်ကြောင်း မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌက မှာကြားခဲ့သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment