ဒေးဒရဲမြို့နယ် အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၌ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး သိကောင်းစရာဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေးဒရဲမြို့နယ် အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၌ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး သိကောင်းစရာဟောပြောပွဲ ကျင်းပ





ဒေးဒရဲ  ၊  သြဂုတ် ၃၁


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့တွင် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များအတွက် မူဝါဒများ ချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ ရရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းအား ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး သိကောင်းစရာအချက်အလက်များ ဟောပြောပွဲအား ယမန်နေ့နံနက် (၁၁) နာရီက အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒေးဒရဲမြို့နယ် ဦးစီးမှူးရုံးက ဦးစီးအရာရှိ ဦးနိုင်ဦးလှိုင်က လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူသည့် ရည်ရွယ်ချက်၊ သန်းခေါင်းစာရင်းကောက်ယူမည့်လုပ်ငန်းများ၊ သန်းခေါင်စာရင်းကောက်ယူရာတွင် မှန်ကန်စွာဖြေဆိုရမည့်အချက်များနှင့် မေးခွန်းများကို မှန်ကန်စွာဖြေဆိုခြင်းဖြင့် နိုင်ငံတော်က ဒေသဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်နိုင်မည့် လုပ်ငန်းများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ဟောပြောပွဲသို့တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


ဒေးဒရဲမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများကို ၂၀၂၄ ခုနှစ် စက်တင်ဘာ(၃၀)ရက် ည(၁၂)နာရီမှစတင်ကာ စာရင်းကောက်အဖွဲ့များမှ  မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများရှိ နေထိုင်သူများအားလုံးကို မထပ်မကျန်စာရင်းကောက်ယူနိုင်ရန် သန်းခေါင်စာရင်း ရည်ညွှန်းချိန်မှစတင်၍ ရပ်ကွက်/ကျေးရွာများအလိုက် စာရင်းကောက်အဖွဲ့များမှ  Mobile Tablet ဖြင့် ၁.၁၀.၂၀၂၄ မှ ၁၅.၁၀.၂၀၂၄ ထိ ကောက်ယူသွားမည့်လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး အသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန ဒေးဒရဲမြို့နယ်ဦးစီးမှူးထံမှ သိရသည်။


အေဇာလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)