တိုင်းဒေသကြီးဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်မည့် တိုင်းဒေသကြီးကိုယ်စားပြု လူငယ်အဖွဲ့အားတွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်မည့် တိုင်းဒေသကြီးကိုယ်စားပြု လူငယ်အဖွဲ့အားတွေ့ဆုံ


ပုသိမ်၊ ဩဂုတ် ၉

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်မည့် တိုင်းဒေသကြီးကိုယ်စားပြုလူငယ်အဖွဲ့အား တွေ့ဆုံပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင် ပြုလုပ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု လူငယ်ကိုယ်စားလှယ် အုပ်ချုပ်သူနှင့်အဖွဲ့ဝင်များက တစ်ဦးချင်းမိတ်ဆက်တင်ပြခဲ့ပြီးနောက် ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီးက အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်မည့် အစီအစဉ်များအားများအား ရှင်းလင်းတင်ပြခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ လူငယ်များသည် နိုင်ငံတော်၏အနာဂတ်များ ဖြစ်ပါကြောင်းနှင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များဖြစ်လာစေရန် အခြေခံပညာမှစတင်၍ လေ့ကျင့်ပြုစုပျိုးထောင်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးကိုယ်စားပြုလူငယ်အဖွဲ့သည် လူငယ်များ၏အခန်းကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည့်သူများဖြစ်၍ မိမိတို့၏ ကျရာကဏ္ဍတွင် ထဲထဲဝင်ဝင် ပါဝင်ဆွေးနွေးနိုင်ရန်နှင့် ဒေသအသီးသီးမှလာရောက်သည့် လူငယ်ကိုယ်စားလှယ်အဖွဲ့များနှင့်တွေ့ဆုံစဉ် မိမိတို့တိုင်းဒေသကြီး၏ ဖြစ်ပေါ်တိုးတက်မှုများကိုလည်း အမြင်ခြင်းဖလှယ်ဆွေးနွေးကြစေလိုကြောင်း” အမှာစကားများပြောကြားပြီး ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။


လှမင်းထွဋ် 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)